ဂျပန်နိုင်ငံက ပေးပို့လိုက်သည့် ကိုဗစ် - ၁၉ ကာကွယ်ဆေးများ ကမ္ဘောဒီးယားနှင့် အီရန်တို့ လက်ခံရရှိ

 

တိုကျို  ဇူလိုင်   ၂၄


ကာကွယ်ဆေး      အညီအမျှ ဖြန့်ဝေပေးရေး  အပြည်ပြည်ဆိုင် ရာ မူဘောင်အရ ဂျပန်နိုင်ငံက ပေးပို့လိုက်သည့်   ကိုဗစ် - ၁၉ ကာကွယ်ဆေးများ  ပထမအသုတ် အဖြစ် ကမ္ဘောဒီးယားနှင့်   အီရန် နိုင်ငံတို့သို့    ရောက်ရှိခဲ့သည်ဟု သိရသည်။ 
ဂျပန်နိုင်ငံသည်  အက်စ်ထရာ ဇနီကာ ကိုဗစ် - ၁၉ ကာကွယ်ဆေး ၁၁ သန်းကို နိုင်ငံပေါင်း ၁၅ နိုင်ငံ သို့  ကိုဗက်အစီအစဉ်မှတစ်ဆင့် ဖြန့်ဝေပေးသွားရန်   စီစဉ်ထား သည်။ 
ကမ္ဘောဒီးယားနိုင်ငံ ဖနောင် ပင်မြို့သို့   ဇူလိုင်   ၂၃  ရက်က ကာကွယ်ဆေး       သုံးသိန်းပေးပို့ နိုင်ခဲ့သည်။ 
ဧပြီလမှစတင်ကာ   ကမ္ဘော ဒီးယားနိုင်ငံတွင်       ကိုဗစ် - ၁၉ ကူးစက်မှုများနှင့်     သေဆုံးမှု  များပြားလာခဲ့သည်။ 
အီရန်နိုင်ငံတွင်လည်း  ဇူလိုင် ၂၃ ရက်တွင် ဂျပန်နိုင်ငံက  ပေးပို့ လိုက်သည့်   ကာကွယ်ဆေးများ လက်ခံရရှိခဲ့သည်ဟု သိရသည်။ 
အီရန်နိုင်ငံတွင်လည်း ဇွန်လ မှစတင်ကာ ကူးစက်မှုအသစ်များများပြားလာခဲ့သည်။    နေ့စဉ် ကူးစက်မှုနှုန်းမှာလည်း ၂၀၀၀၀ ကျော်လွန်ခဲ့သည်။ 
အီရန်နိုင်ငံတွင်      လူဦးရေ   ၉  ရာခိုင်နှုန်းသာ   အနည်းဆုံး တစ်ကြိမ်  ကိုဗစ် - ၁၉ ကာကွယ် ဆေးထိုးရသေးသည်ဟု    သိရ သည်။ 

 

အင်န်အိတ်ချ်ကေ