
တိုကျို စက်တင်ဘာ ၂၇
ဆောက်လုပ်ရေး အလုပ်သမားများသည် တိုကျိုအထိမ်းအမှတ် နေရာသစ်တွင် ဂျပန် နိုင်ငံ၏ အမြင့်ဆုံးအဆောက်အအုံကို စတင် ဆောက်လုပ်နေကြပြီဖြစ်သည်။ ၂၀၂၈ ခုနှစ် တွင် ပြီးစီးမည့် ၃၈၅ မီတာ မြင့်သော မီးရှူးတိုင် မျှော်စင်အဆောက်အအုံသည် ဂျပန်နိုင်ငံတွင် အမြင့်ဆုံး မိုးမျှော်အဆောက်အအုံ ဖြစ်လာ မည်ဖြစ်သည်။
အိမ်ခြံမြေတည်ဆောက်ရေးကုမ္ပဏီ မစ်ဆူ ဘီရှီဆောက်လုပ်ရေးသည် ၎င်း၏ မိတ်ဖက် များနှင့်အတူ အုတ်မြစ်ချ အခမ်းအနားကို စက်တင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သည်။
အိမ်ခြံမြေ တည်ဆောက်ရေးကုမ္ပဏီ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် နာဂါဂျီမာ အာတာဆူရှီက ဂျပန်နိုင်ငံ၏ အမြင့်ဆုံး မိုးမျှော်အဆောက်အအုံသည် အထိမ်းအမှတ် တစ်ခုဖြစ်လာမည်ဖြစ်ကြောင်းနှင့် ဆွဲဆောင်မှု အရှိဆုံးပုံစံကို ဖန်တီးတည်ဆောက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါအဆောက်အအုံ၌ မြေအောက်ထပ် လေးထပ်ပါဝင်မည်ဖြစ်ပြီး မြေပေါ်၌ ၆၂ ထပ် ပါဝင်မည်ဖြစ်သည်။ ထို့အပြင် အလုပ်သမား ၂၀၀၀၀ အတွက် ရုံးခန်းပါရှိမည်ဖြစ်သလို လူနေတိုက်ခန်းများ၊ ဇိမ်ခံဟိုတယ် တစ်ခု နှင့် လူ ၂၀၀၀ ဆံ့ ခန်းမတစ်ခုတို့ ပါဝင်မည် ဖြစ်သည်။
မီးရှူးတိုင်မျှော်စင်သည် တိုကျိုအနီး တစ်ဝိုက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အဆိုပါဒေသ တွင် အခြားအစီအစဉ်များလည်းပြုလုပ်လျက် ရှိသည်။
အင်န်အိတ်ချ်ကေ