ဂျပန်နိုင်ငံအရှေ့ပိုင်းဒေသများတွင် ဆီးနှင်းများ ထူထပ်စွာ ကျဆင်း

 

တိုကျို  ဖေဖော်ဝါရီ   ၉ 


ဂျပန်နိုင်ငံ   အရှေ့ပိုင်းဒေသများ  ၌  ဖေဖော်ဝါရီ  ၉ ရက်နှင့် ၁၀ ရက် များတွင်    ဆီးနှင်းများ   ထူထပ် စွာ      ကျဆင်းမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။   တိုကျိုတွင် ဆီးနှင်းများ ထူထပ်စွာ ကျဆင်း နိုင်သည့်အပြင် ကန်တိုတောင်ပိုင်း လွင်ပြင်    ဒေသများတွင်လည်း ဆီးနှင်းများ ထူထပ်စွာကျဆင်းနိုင် ကြောင်း ခန့်မှန်းထားသည်။

 


ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်း တွင်    အများပြည်သူ    သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ အနှောင့် အယှက်များ ဖြစ်ပေါ်နိုင်ကြောင်း ဂျပန်      မိုးလေဝသအေဂျင်စီမှ အရာရှိများက ပြောသည်။ 

 


လေဖိအားနည်းရပ်ဝန်းသည် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းအထိ ဂျပန်နိုင်ငံ  အလယ်ပိုင်းပစိဖိတ် ကမ်းရိုးတန်း      ကမ်းလွန်တွင် ဖြစ်ထွန်းပေါ်ပေါက်မည်    ဖြစ်ပြီး အရှေ့ဘက်သို့ ဆက်လက်ရွေ့လျား သွားနိုင်သဖြင့် ကန်တိုကိုရှင်ဒေသ  တွင် လေအေးများ ဖြစ်ပေါ်လာနိုင် ကြောင်း မိုးလေဝသအရာရှိများက ခန့်မှန်းထားသည်။ 

 


အဆိုပါလေအေးများကြောင့် ကန်တိုကိုရှင်ဒေသနှင့် ရှီဇူအိုကာ ခရိုင်တို့တွင် ဖေဖော်ဝါရီ ၉ ရက် နှင့် ၁၀ ရက်များတွင် ဆီးနှင်းများ ကျဆင်းနိုင်ကြောင်း    ခန့်မှန်း ထားသည်။    ဆီးနှင်းများသည် တောင်ကုန်းထူထပ်သော ဒေသ များတွင်သာမက      တိုကျိုနှင့် ကန်တိုတောင်ပိုင်းဒေသများတွင် ထူထပ်စွာ ကျဆင်းနိုင်သည်။ 

 


နောက်      ၂၄  နာရီအတွင်း ဖေဖော်ဝါရီ ၁၀ ရက်အထိ ကန်တို ကိုရှင်ဒေသတွင်     ဆီးနှင်းများ ငါးစင်တီမီတာမှ ၁၀ စင်တီမီတာ အထိ ကျဆင်းနိုင်ပြီး တိုကျိုနှင့် ရှီဇူအိုကာတို့တွင် ငါးစင်တီမီတာ အထိ ကျဆင်းနိုင်ကြောင်း သိရ သည်။ အပူချိန်သည် ခန့်မှန်းထား သည်ထက် လျော့နည်းနိုင်သဖြင့် ဆီးနှင်းများ ယခုထက်ပိုမိုကျဆင်း နိုင်ကြောင်း မိုးလေဝသအရာရှိများ က ပြောသည်။ တိုကျိုတွင်ဆီးနှင်း များ ၁၀ စင်တီမီတာကျော်အထိ ကျဆင်းနိုင်သည်။ 

 


ပြည်သူများအနေဖြင့် မိုးလေ ဝသ    သတင်းများနှင့်     သယ်ယူ ပို့ဆောင်ရေး    သတင်းအချက် အလက်များကို အမြဲမပြတ်သတိ ထား ရယူကြရန် တိုက်တွန်းထားသည်။      

         
အင်န်အိတ်ချ်ကေ