ဂျပန်နိုင်ငံအနောက်ပိုင်းတွင် ရှုခင်းကြည့်လှေတစ်စင်း တိမ်းမှောက်နစ်မြုပ်၊ တစ်ဦးသေဆုံး

 

ကျိုတို    မတ်    ၂၈ 


ခရီးသည်  ၂၉   ဦး  တင်ဆောင် လာသော       ရှုမျှော်ခင်းကြည့် လှေတစ်စင်းသည်     ဂျပန်နိုင်ငံ အနောက်ပိုင်း    ကျိုတိုခရိုင်ရှိ မြစ်တစ်ခုအတွင်း    တိမ်းမှောက် နစ်မြုပ်ခဲ့သဖြင့်        လှေအမှုထမ်း တစ်ဦးသေဆုံးခဲ့ပြီး တခြားသူများ ပျောက်ဆုံးလျက်ရှိသည်။ 

 


အပျော်စီးလှေသည်    ကာမီ အိုကာမြို့ရှိ       ဟိုဇူမြစ်အတွင်း  စုန်ဆင်းပြီး ရှုမျှော်ခင်းများကြည့်  နေစဉ်   တိမ်းမှောက်နစ်မြုပ်ခဲ့ပြီး နောက်    ခရီးသည်  ၂၅  ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် မီးသတ်အရာရှိများက ပြော ကြားခဲ့သည်။     
လှေအမှုထမ်း လေးဦးလိုက်ပါ လာသော     အဆိုပါ     လှေတွင် အသက်   ၅၁   နှစ်ရှိ   တာနာကာ    ဆူဘူရို   သေဆုံးခဲ့ပြီး   အသက်    ၄၀   ကျော်  တစ်ဦး  ပျောက်ဆုံး လျက်ရှိသည်။ ၁၃ နှစ်မှ  ၅၄  နှစ် ကြား   အမျိုးသမီး      ခရီးသည်    ကိုးဦးတို့  ဒဏ်ရာ   အနည်းငယ် ရရှိခဲ့သဖြင့်  ဆေးရုံသို့  ပို့ဆောင် ခဲ့သည်။

 


လှေအမှုထမ်းတစ်ဦး၏ ပြော ကြားချက်အရ      လှေပေါ်တွင် လိုက်ပါလာသူ ၂၉ ဦးရှိပြီး ကလေး သုံးဦးမှာ        လှေတိမ်းမှောက် ကတည်းက ရေထဲသို့ ပြုတ်ကျ သွားခဲ့သည်ဟုဆိုသည်။    ရှုခင်း  ကြည့်  အပျော်စီးခရီးစဉ်များတွင် အများအားဖြင့်     လှေအမှုထမ်း များသည်  လှော်တက်နှင့် ဝါးလုံး များအား ရေအနက်ကို တိုင်းတာ ရန်        ကိုင်ဆောင်လေ့ရှိသည်။ လှေသည်      ကျောက်ဆောင်နှင့်     ဝင်တိုက်မိပြီး  နစ်မြုပ်ခဲ့ခြင်းဖြစ် သည်။     ပျောက်ဆုံးနေသူများကို    ရှာဖွေကယ်ဆယ်ရန်    ရဲများနှင့်  မီးသတ်အရာရှိများက   ဆောင် ရွက်လျက်ရှိသည်။ 


အင်န်အိတ်ချ်ကေ