
တိုကျို ဇန်နဝါရီ ၃၁
ဂျပန်နိုင်ငံအလယ်ပိုင်း အိုက်ချီ ခရိုင်ရှိ အပူစွမ်းအင်သုံး ဓာတ်အား ပေးစက်ရုံတွင် ဇန်နဝါရီ ၃၁ ရက်က ပေါက်ကွဲမှုဖြစ်ပွားရာ မီးတောက် များနှင့် မီးခိုးလုံးကြီးများ မြင်တွေ့ ရသည်ဟု ပြည်တွင်း မီဒီယာများ တွင် ဖော်ပြကြသည်။ ဒေသ စံတော်ချိန် ညနေ ၃ နာရီ ဝန်းကျင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
JERA တာကီတိုယို ဓာတ်အား ပေးစက်ရုံတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် ယခုအချိန် အထိ ဒဏ်ရာရရှိသူ မရှိသေး ကြောင်း မီးသတ်ဌာနနှင့် အာဏာ ပိုင်များက အတည်ပြုပြောကြားခဲ့ သည်။ အဆောက်အဦ၏ ၁၃ ထပ် မြောက်အထပ်ရှိ ဘွိုင်လာစက်ရုံ တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် သည်ဟု ယူဆရကြောင်း ခရိုင် ရဲတပ်ဖွဲ့နှင့် မီးသတ်အရာရှိများ၏ ပြောကြားချက်ကို ကိုးကားကာ ကျိုဒိုသတင်းအေဂျင်စီတွင် ဖော်ပြ ထားသည်။
မီးငြှိမ်းသတ်ရေး လုပ်ငန်းစဉ် များကို ဆက်လက်လုပ်ဆောင်နေ ဆဲဖြစ်သည်။ အဆိုပါပေါက်ကွဲမှု နှင့် မီတာ ၃၀၀ အကွာရှိ လူများ ရဲတပ်ဖွဲ့နှင့် မီးသတ်အရာရှိများက ကျယ်လောင်သည့် ပေါက်ကွဲသံ ကြီးကို ကြားလိုက်ရကြောင်း၊ ထို့နောက် စက္ကန့်အနည်းငယ်ကြာ ငလျင်ကဲ့သို့ တုန်ခါမှုရှိကြောင်း ဒေသခံရုပ်သံလွှင့်ဌာနသို့ ပြော သည်။
အဆိုပါ ဓာတ်အားပေးစက်ရုံ မှာ နိုင်ငံအတွင်းရှိ အကြီးဆုံး အပူ စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ထဲမှ တစ်ရုံဖြစ်ပြီး လောင်စာ အရင်းအမြစ်များ ဖြစ်သည့် ကျောက်မီးသွေးနှင့် ဇီဝလောင်စာ ကို အသုံးပြုကာ ကီလိုဝပ် ၁၀၇၀၀၀၀ အထိ ထွက်ရှိကြောင်း သိရသည်။ ပေါက်ကွဲမှုဖြစ်ပွား ရသည့်အကြောင်းကို သိရှိရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင် လျက်ရှိသည်။
ဆင်ဟွာ