ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းက လှူဒါန်းသည့် Covaxin ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်သန်း doses အနက်မှ ဒုတိယအသုတ် တစ်သန်း doses ထပ်မံရောက်ရှိ

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသူ စုစုပေါင်း ၂၁ ဒသမ ၇၄ သန်းခန့်ရှိ

 

နေပြည်တော်    ဇန်နဝါရီ    ၂၃


ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တစ်ဆင့် မြန်မာနိုင်ငံ ပြည်သူများသို့ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၁၇ သန်းတန်ဖိုးရှိ Covaxin အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး နှစ်သန်း doses မှ ပထမအသုတ် တစ်သန်း doses သည် ဇန်နဝါရီ ၉ ရက်တွင် မြန်မာနိုင်ငံသို့ရောက်ခဲ့ပြီး  ဒုတိယအသုတ်အဖြစ် ကာကွယ် ဆေး တစ်သန်း  doses  သည်  QATAR Airways Flight QR-8920 လေယာဉ်ဖြင့် ယနေ့နံနက် ၉နာရီခွဲ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့   ထပ်မံရောက်ရှိလာရာ   ရန်ကုန်တိုင်းဒေသကြီး  ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက  လက်ခံရယူ ကြသည်။

 


ယနေ့  ထပ်မံရောက်ရှိလာသည့်  Covaxin  ကာကွယ်ဆေးများ ကို    ရန်ကုန်တိုင်းဒေသကြီး    မရမ်းကုန်းမြို့နယ်   မင်းဓမ္မလမ်းရှိ  ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း      (central   cold   room)  တွင် အအေးလမ်းကြောင်း     မပျက် သိုလှောင်ထားရှိမည်ဖြစ်သည်။

 


ကျန်းမာရေးဝန်ကြီး     ဌာန သည်     ပြည်ထောင်စုနယ်မြေ    နေပြည်တော်နှင့်      တိုင်းဒေသ ကြီး/ ပြည်နယ်များတွင်  ဦးတည် အုပ်စုများသတ်မှတ်၍ ဦးစားပေး အစီအစဉ်အလိုက်     ကိုဗစ်-၁၉   ရောဂါကာကွယ်ဆေးကိုကျေးလက် ဒေသများအထိ အားသွန်ခွန်စိုက် ကျယ်ပြန့်စွာ  ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့်    ဇန်နဝါရီ ၂၂ ရက်အထိ လူဦးရေ ၁၈ ဒသမ ၂၅ သန်းကို အကြိမ်ပြည့်ထိုးနှံပေး ခဲ့၍ ၃ ဒသမ ၄၉ သန်းကို တစ်ကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ရာ  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးတစ်ကြိမ် နှင့်အထက် ထိုးနှံပြီးသူ စုစုပေါင်း ၂၁ ဒသမ ၇၄  သန်းခန့်   ရှိပြီဖြစ် သည်။ သို့ဖြစ်၍ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ် ရေ သန်း ၄၀ doses ကို ထိုးနှံပြီး ဖြစ်သည်။
ကျန်းမာရေးဝန်ကြီး     ဌာန အနေဖြင့်    ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေးကို ဝယ်ယူခြင်းမှ ၄၅ သန်း doses နှင့် လှူဒါန်းမှုမှ  ၁၅ သန်းကျော် doses စုစုပေါင်း သန်း ၆၀ ကျော် doses ရရှိပြီးဖြစ် သည်။

 


မိဘပြည်သူများအနေဖြင့် မိမိ အတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်  မကွက်အကြိမ်ပြည့် ထိုးနှံမှုခံယူ ခြင်း၊ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံမှု ရရှိထားသူများအနေဖြင့် လည်း ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်)  အနီးဆုံးသတ်မှတ် ကာလအတွင်းတွင်      နီးစပ်ရာ ကာကွယ်ဆေးထိုး     စုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုး  လုပ်ငန်းများ တွင်    တက်ကြွစွာ   ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်း နှိုးဆော်ထားကြောင်း    ကျန်းမာ ရေးဝန်ကြီးဌာနမှ သိရသည်။ 

သတင်းစဉ်