ဂျပန်နိုင်ငံ ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် တောင်ကိုရီးယား အမေရိကန်ဒေါ်လာ သုံးသန်း ပေးလှူ

 

ဆိုးလ် ဇန်နဝါရီ ၁၁ 


နှစ်သစ်ကူးရက်တွင်   ဂျပန်နိုင်ငံ   နိုတိုကျွန်းဆွယ်၌ လှုပ်ခဲ့သော ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ   ဆောင်ရွက်ရာတွင်   လူသားချင်းစာနာ ထောက်ထားမှုအဖြစ် အမေရိကန်ဒေါ်လာ သုံးသန်း ပေးလှူမည်ဖြစ်ကြောင်း      တောင်ကိုရီးယားအစိုးရက ဇန်နဝါရီ ၁၁ ရက်က ကြေညာခဲ့သည်။ 


တောင်ကိုရီးယားနိုင်ငံ၏    အကူအညီသည် ဂျပန်နိုင်ငံ    ငလျင်ဒဏ်ခံဒေသများ    ပြန်လည် ထူထောင်ရေးလုပ်ငန်းတွင်  အကူအညီဖြစ်မည်ဟု မျှော်လင့်ကြောင်းနှင့် ငလျင်ဒဏ်ခံဒေသခံများ ပုံမှန် လူနေမှုဘဝကို အလျင်အမြန်  ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနိုင်မည်ဟု     မျှော်လင့်ကြောင်း တောင်ကိုရီးယား    နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ 


တောင်ကိုရီးယားသမ္မတ  ယွန်ဆုခ်ယော်သည် ငလျင်ဒဏ်ခံစားခဲ့ရသူများနှင့် ၎င်းတို့၏  ကျန်ရစ်သူ မိသားစုများထံ     ဝမ်းနည်းကြောင်းဖော်ပြသည့် သတင်းလွှာတစ်စောင်ကို ဂျပန်ဝန်ကြီးချုပ် ကီရှီးဒါ ဖူမီယိုထံသို့ပေးပို့ခဲ့ကြောင်း တောင်ကိုရီးယားသမ္မတ ရုံးက ဇန်နဝါရီ ၂ ရက်က ဖော်ပြခဲ့သည်။


တောင်ကိုရီးယားသမ္မတ ယွန်က ဂျပန်နိုင်ငံ၏ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကူညီ မည့် ၎င်း၏ရည်ရွယ်ချက်ကို  ဖော်ပြခဲ့ကြောင်းနှင့်  ငလျင်ဒဏ်ခံဒေသများရှိ  ဒေသခံများအလျင်အမြန် ၎င်းတို့၏ ပုံမှန်ဘဝများ  ပြန်လည်ရရှိစေရန်လည်း ဆန္ဒပြုခဲ့ကြောင်း   တောင်ကိုရီးယားသမ္မတရုံးက ဖော်ပြခဲ့သည်။                        

အင်န်အိတ်ချ်ကေ