
တိုကျို နိုဝင်ဘာ ၁
ဂျပန်နိုင်ငံ ကာဂါဝါစီရင်စုရှိ မွေးမြူရေး ခြံတစ်ခြံ၌ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေကြောင်း အာဏာ ပိုင်များက နိုဝင်ဘာ ၁ ရက်တွင် ပြောသည်။
ကာဂါဝါစီရင်စု ခန်းအွန်း ဂျီမြို့ရှိ ကြက်မွေးမြူရေး ခြံတစ်ခြံ၌ အောက် တိုဘာ ၃၁ ရက်က ကြက်များ သေ ဆုံး နေ သည် ကို တွေ့ ရှိ ကြောင်း၊ ဒေသ ဆိုင်ရာ အာဏာ ပိုင်များကသေဆုံး နေသည့် ကြက်များ ကို အမြန်စစ်ဆေးနည်း ဖြင့် စစ်ဆေးရာ အများစုတွင် ကြက်ငှက်တုပ်ကွေးရောဂါပိုးစစ်ဆေးတွေ့ရှိကြောင်း ဂျပန် စိုက်ပျိုး ရေး၊ သစ်တောနှင့် ငါးလုပ်ငန်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ဝန်ကြီးဌာနသည် အောက်တိုဘာ ၂၈ ရက်က ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု နှစ်ခုအစီရင်ခံ တင်ပြခဲ့ပြီး တစ်ခုမှာ ဟွန်ရှူးကျွန်းရှိ အိုကာယာနာစီရင်စုမှဖြစ်ပြီး အခြား တစ်ဦးမှာ ဂျပန်နိုင်ငံ၏ ကျွန်းကြီးလေးကျွန်း၏ မြောက်ဘက်စွန်းရှိ ဟော့ကိုင်းဒိုးမှဖြစ်ကြောင်း သိရသည်။
ကြက်မွေးမြူရေးခြံနှစ်ခုမှ ကြက်ကောင်ရေ စုစုပေါင်း ၃၄၀၀၀၀ ခန့်ကို သုတ်သင်ရှင်းလင်းသွားမည်ဟုဆိုသည်။
ဆင်ဟွာ