ဂျပန်နိုင်ငံ ဟော်ကိုင်းဒိုးကျွန်း အရှေ့ဘက်ကမ်းလွန်၌ လူ ၂၆ ဦးပါ ခရီးသွားလှေတစ်စင်းနစ်မြုပ်

 

တိုကျို   ဧပြီ  ၂၃ 


ဂျပန်နိုင်ငံ မြောက်ပိုင်း ဟော်ကိုင်း ဒိုးကျွန်း   အရှေ့ဘက်ကမ်းလွန် ပင်လယ်ပြင်တွင် ဧပြီ ၂၃ ရက် နေ့လယ်ပိုင်းက      လှေပေါ်ပါ အမှုထမ်းနှင့်  ခရီးသည်  ၂၆ ဦး လိုက်ပါလာသည့်   ခရီးသွားလှေ တစ်စင်း   နစ်မြုပ်သွားကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ (JCG) က ပြောကြားသည်။

 


နစ်မြုပ်သွားသည့်   KAZU  I  အမျိုးအစားလှေပေါ်တွင် လှေပေါ် ပါအမှုထမ်း    နှစ်ဦး  အပါအဝင်  ခရီးသည် ၂၄ ဦးနှင့် ကလေးနှစ်ဦး ပါဝင်ကြောင်း ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့ (JCG) ၏ ဖော်ပြချက်အရ သိရသည်။

 


ဂျပန်နိုင်ငံ ဟော်ကိုင်းဒိုးကျွန်း ၌   လှေနစ်မြုပ်သတင်းကို  ဒေသ စံတော်ချိန်    နေ့လယ်  ၁  နာရီ ၁၅   မိနစ်ခန့်တွင်  ရရှိခဲ့ကြောင်း ကမ်းခြေစောင့်          တပ်ဖွဲ့က   ပြောသည်။ 

 


ကင်းလှည့်ရေယာဉ်များသည် ဒေသစံတော်ချိန် ညနေ၅ နာရီခွဲ ခန့်တွင်   ရှာရီတိုကို ကျွန်းဆွယ် အနီးတစ်ဝိုက်   လှေနစ်မြုပ်ရာ နေရာသို့ ကယ်ဆယ်ရေးလုပ်ငန်း များ   ဆောင်ရွက်ရန်   ဦးတည် ထွက်ခွာလာခဲ့ကြောင်း   ကမ်းခြေ စောင့်တပ်ဖွဲ့က       ပြောကြား သည်။ 


ဆင်ဟွာ