ဂျပန်နိုင်ငံ ဂွန်းမခရိုင်၌ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးရပ်စ်ကို ပထမဆုံးအကြိမ် ကျော်လွန်

 

တိုကျို  ဇွန်  ၂၆ 


ဇွန် ၂၅ ရက်တွင် ဂျပန်နိုင်ငံ တစ်ဝန်း   အပူချိန်မြင့်တက်ခဲ့ ပြီး  တိုကျိုမြို့   မြောက်ပိုင်း   ဂွန်းမခရိုင်   အီဆဲဆာကီမြို့ တွင်  ၄၀  ဒသမ ၂  ဒီဂရီဆဲလ် စီးရပ်စ်ရှိကြောင်း            အင်န် အိတ်ချ်ကေ   သတင်းတစ်ရပ် ၏   ဖော်ပြချက်အရ   သိရသည်။ 

 


ဂျပန်နိုင်ငံတွင်   ဇွန်လ၌ ထိုကဲ့သို့ အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးရပ်စ်ကို     ကျော်လွန် ခြင်းသည်     မှတ်တမ်းတင်   စတင်ပြုလုပ်ပြီး  နောက်ပိုင်း  ပထမအဆုံးအကြိမ်ဖြစ်ကြောင်း မိုးလေဝသအေဂျင်စီက   ပြော သည်။  ယခင်စံချိန်  တင်ထား သည့်  အပူချိန်မှာ ၂၀၁၁ ခုနှစ် က  စိုင်းတာမခရိုင်  ကူမာဂါယာ မြို့၌ဖြစ်ပြီး  ၃၉ ဒသမ ၈ ဒီဂရီ ဆဲလ်စီးရပ်စ်ဖြစ်ကြောင်း  သိရသည်။ 

 


တိုကျိုမြို့လယ်တွင်  အပူချိန်  ၃၅ ဒသမ   ၄   ဒီဂရီ ဆဲလ်စီးရပ်စ်   ရှိကြောင်း၊   ဂျပန်နိုင်ငံ  ကန်တို‌ ဒေသနှင့်   အခြားနေရာများတွင် အပူချိန်   ဆက်လက်မြင့်တက် ဖွယ်ရှိကြောင်း သိရသည်။ ဂွန်းမ ခရိုင် ကူမာဂါယာမြို့နှင့် မိဘရှီမြို့ တို့၌  နေ့အချိန်တွင်  ၃၇  ဒီဂရီ ဆဲလ်စီးရပ်စ်   ရှိနိုင်ကြောင်းနှင့်   တိုကျို မြို့လယ်တွင် အပူချိန် ၃၄ ဒီဂရီ  ဆဲလ်စီးရပ်စ်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။   

 


မီးသတ်နှင့်   ဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီအရ    ပြီးခဲ့ သည့်  ရက်သတ္တပတ်အတွင်း  ဂျပန်နိုင်ငံတစ်ဝန်း        အပူလျှပ်မှု ကြောင့် ဆေးရုံသို့ ၁၃၃၇ ဦးကို ပို့ဆောင်ပေးခဲ့ရကြောင်း   သိရသည်။          

အင်န်အိတ်ချ်ကေ