ဂျပန်နိုင်ငံ ဒေသအတော်များများ၌ အပူချိန် စံချိန်တင်မြင့်တက်

 

တိုကျို     ဧပြီ    ၂၀ 
ဧပြီ ၂၀ ရက်က ဂျပန်နိုင်ငံဒေသအတော်များများတွင်    အပူချိန်  ၃၀    ဒီဂရီဆဲလ်စီးယက်စ်အထိ ရောက်ရှိခဲ့ပြီး ဂျပန်နိုင်ငံအနောက် ပိုင်းဒေသအချို့မှ   တိုဟိုကူဒေသ အထိ   အပူချိန်သည်   ၃၀ ဒီဂရီ ဆဲလ်စီးယက်စ်ထက်  ကျော်လွန် ရောက်ရှိခဲ့သည်။ 
ယခုနှစ် အပူဆုံးရာသီဥတုကို နိုင်ငံအနှံ့အပြားတွင်    ကြုံတွေ့ လျက်ရှိသည်။ 
ဂျပန်နိုင်ငံတစ်ဝန်း   နေ့အပူ ချိန်များသည်   ၃၀ ဒီဂရီဆဲလ်စီး ယက်စ်အထိ မြင့်တက်လျက်ရှိပြီး  တချို့ဒေသများတွင်    ၃၀  ဒီဂရီ  ဆဲလ်စီးယက်စ်ထက် ပိုမိုမြင့်တက်  ခဲ့သည်။ 
ယာမာဂါ၊   ကူမာမိုတို   ခရိုင် များ၌    အပူချိန်သည်   ၃၀  ဒသမ   ၉ ဒီဂရီ ဆဲလ်စီးယက်စ်အထိ ရှိခဲ့ ပြီး   ဧပြီလ၏  အမြင့်ဆုံးအပူချိန် အဖြစ်          မှတ်တမ်းတင်ခဲ့သည်။ ဟီတာ၊     အိုအီတာခရိုင်များ၌  ၃၀ ဒသမ ၆ ဒီဂရီ၊ ဝါဒါယာမာနှင့် ယိုဂိုဒေသများတွင် ၃၀ ဒသမ ၃ ဒီဂရီ၊    ယူအီဒါနှင့်   နာဂါနိုဒေသ များတွင်   ၃၀   ဒသမ ၂ ဒီဂရီနှင့်  ဖူကူရှီမားမြို့၌   ၃၀ ဒသမ ၁ ဒီဂရီ စီ အသီးသီးရှိကြသည်။ 
ထို့အပြင် ကျိုတိုမြို့တွင် ၂၉ ဒီဂရီနှင့်  တိုကျိုအလယ်ပိုင်းတွင် ၂၆ ဒီဂရီအထိရှိခဲ့ပြီး   ယခုနှစ်၏ အမြင့်ဆုံးအပူချိန်အဖြစ် မှတ်တမ်း  တင်ခဲ့သည်။ 
ဧပြီ    ၂၁   ရက်သည်လည်း  နောက်ထပ်အပူဆုံး ရက်တစ်ရက် ဖြစ်လာနိုင်သည်။ 
ထို့ကြောင့်     အပူလျှပ်ခြင်းမှ သတိထားရန် အကြံပြုထားသည်။
အင်န်အိတ်ချ်ကေ