
တိုကျို ဇန်နဝါရီ ၂၅
ဂျပန်နိုင်ငံဒေသအများအပြားတွင် ဇန်နဝါရီ ၂၅ ရက် က ဆီးနှင်းများ ထူထပ်စွာကျဆင်းပြီး လေပြင်း တိုက်ခတ်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိ သောကြောင့် သယ်ယူပို့ဆောင်ရေးစနစ်များကို အနှောင့်အယှက်၊ အဟန့်အတားများ ဖြစ်စေခဲ့သည်။
ဂျပန်နိုင်ငံတစ်ဝန်း ဆယ်စုနှစ်အတွင်း အအေး ဆုံး လေစိုင်ဆုံများ တိုက်ခတ်လျက်ရှိရာ အဓိက ရထားလိုင်းများ ရပ်တန့်ထားရသည်။ ယာမာဂါတာ ရှင်ကန်ဆန် ရထားလမ်းတစ်လျှောက်ရှိ တချို့ ဘူတာရုံများကို ရပ်နားထားရသလို တိုဟိုကူ ရှင်ကန်ဆန်ရထားလိုင်း တစ်စိတ်တစ်ပိုင်းကိုလည်း ရပ်ဆိုင်းထားသည်။
ဆီးနှင်းများ ထူထပ်စွာကျဆင်းပြီး အေးခဲနေ သည့် အခြေအနေများကြောင့် တိုကိုင်းဒိုနှင့် ဆန်ညို ရှင်ကန်ဆန်ရထားလိုင်းတွင်လည်း နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်ပွားလျက်ရှိသည်။
တိုဟိုကူမှ ကျူရှူဒေသသို့သွားသည့် တချို့ အရေးကြီးသည့်အမြန် လမ်းပိုင်းကိုလည်း ပိတ်ထား ရသည်။ ဆီးနှင်းများဖယ်ရှားရန် နိုင်ငံ့အဓိကလမ်းမ ကြီးများကိုလည်း ပိတ်ထားရကြောင်း သယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောသည်။
ထို့အတူ ဂျပန်လေကြောင်းလိုင်းနှင့် နိပွန် လေကြောင်းလိုင်းများသည်လည်း ၎င်းတို့၏ ရာနှင့် ချီသည့် လေယာဉ်ခရီးစဉ်များကို ဖျက်သိမ်း ခဲ့ရသည်။
ဂျပန်မိုးလေဝသဌာနက နိုင်ငံ၏အချို့ဒေသများ တွင် ဆယ်စုနှစ်အတွင်း အပူချိန်အနိမ့်ဆုံး အဆင့် အထိ ကျဆင်းမည့်အကြောင်း ထုတ်ပြန်ထား သည်။ ဆင်ဟွာ