ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ရာ ၂၂၅ ဦးဒဏ်ရာရရှိခဲ့ပြီး သုံးဦးသေဆုံး

 

တိုကျို    မတ်    ၁၇ 


မတ် ၁၆ ရက်နှောင်းပိုင်းက ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ငလျင်လှုပ်ခတ်ခဲ့ရာ ၂၂၅ ဦး ဒဏ်ရာရရှိခဲ့ပြီး သုံးဦးသေဆုံးခဲ့ကြောင်း ရဲများနှင့် မီးသတ်အာဏာပိုင်များက မတ် ၁၇ ရက်က ပြောကြားလိုက်သည်။ 

 


မတ် ၁၇ ရက် ဒေသစံတော်ချိန် ညနေ ၇ နာရီခွဲ တွင် ငလျင်ပြင်းအား ၇ ဒသမ ၄ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ မီယာဂီနှင့် ဖူကူရှီမားခရိုင်အပါအဝင်  ခရိုင် ၁၂ ခုတွင် လူ ၂၂၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်နှင့်       သဘာဝဘေးအန္တရာယ်   စီမံခန့်ခွဲမှု အေဂျင်စီက ပြောကြားလိုက်သည်။ အာရှနိုင်ငံ၏ အရှေ့မြောက်ပိုင်းနှင့်         အရှေ့ပိုင်းဒေသများတွင် ပြင်းထန်သည့်လှုပ်ခတ်မှုများကို ခံစားခဲ့ရကြောင်း နှင့် အထူးသဖြင့် မီယာဂီနှင့် ဖူကူရှီမားခရိုင်တို့တွင် ပြင်းအား ၆ အထက် လှုပ်ခတ်ခဲ့ပြီး ၇ အထိ ရောက်ရှိ ခဲ့သည်။

 


ပြင်းအား ၆ အထက် လှုပ်ခတ်မှုက  လူများကို လေထဲသို့ ပစ်ထုတ်နိုင်လောက်သည်အထိ ပြင်းထန် ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောသည်။  သက်ဆိုင်ရာအာဏာပိုင်များသည် ငလျင်ကြောင့် သေဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါးက ပြောကြားခဲ့သည်။ 

 


ငလျင်သည်  မတ်  ၁၆  ရက်  ဒေသစံတော်ချိန် ညနေ  ၁၁  နာရီ   ၃၆   တွင်    မြေအောက်အနက် ၆၀   ကီလိုမီတာကို   ဗဟိုပြု၍  မြောက်လတ္တီကျု ၃၇ ဒသမ ၇ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၄၁ ဒသမ ၇ ဒီဂရီတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ သဘာဝဘေး ဒုက္ခသည်များကို     တုံ့ပြန်နိုင်ရန်    ဖြစ်နိုင်သည့် ဆောင်ရွက်ချက်များကို လုပ်ဆောင်ပေးသွားမည်ဖြစ် ကြောင်း ကီရှီဒါးက ပါလီမန်တွင်ပြောကြားခဲ့သည်။ 


ဆင်ဟွာ