
တိုကျို မတ် ၂၀
မိုင်ယာဂီနှင့် ဖူကူရှီးမား ခရိုင်တို့ရှိ နေအိမ်အများစုမှာ ဂျပန်နိုင်ငံ အရှေ့ မြောက်ပိုင်းတွင် အင်အား ပြင်းထန်သည့် ငလျင်လှုပ်ခတ် ပြီးနောက် သုံးရက်ကြာသည့်အထိ ရေရရှိခြင်း မရှိသေးကြောင်း သိရ သည်။
မတ် ၁၆ ရက်က အင်အား ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့ ခြင်းဖြစ်သည်။ အဆိုပါ ခရိုင်နှစ်ခု မှ လူသုံးဦး သေဆုံးခဲ့သည်။ မိုင်ယာဂီ၊ ဖူကူရှီးမားနှင့် အခြား သော ခရိုင်သုံးခုတို့တွင် နေအိမ် ပေါင်း ၂၂၁ လုံး ပျက်စီးသွားခဲ့ သည်ဟု ပြည်တွင်းရေးရာ ကိစ္စရပ် များ ဝန်ကြီးဌာနက ပြောသည်။ မတ် ၂၀ ရက် နံနက်ပိုင်းအထိ မိုင်ယာဂီနှင့် ဖူကူရှီးမားတို့မှ နေအိမ်ပေါင်း ၂၀၀၀၀ ခန့် ရေရရှိခြင်းမရှိသေးဟု သိရသည်။
မိုင်ယာဂီနှင့် ဖူကူရှီးမားခရိုင် တစ်ခုလုံးတွင် မတ် ၂၀ ရက် နှောင်းပိုင်း၌ ရေပြန်လည်ရရှိရေး အတွက် ကြိုးပမ်းနေသည်ဟု ဒေသခံအာဏာပိုင်များက ပြော သည်။ ကျည်ဆန်ရထား ပြေးဆွဲမှု အချို့ကိုလည်း ဆိုင်းငံ့ထား သည်။ တိုကျိုနှင့် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းသို့ ပြေးဆွဲ သည့် လေကြောင်းလိုင်းများ နှင့် ဘတ်စ်ကားကုမ္ပဏီများသည် လည်း နောက်ထပ် အပိုဝန်ဆောင် မှုများ ပေးလျက်ရှိသည်ဟု သိရ သည်။
အင်န်အိတ်ချ်ကေ