
အိုဆာကာ ဧပြီ ၈
ဂျပန်နိုင်ငံအနောက်ပိုင်း အိုဆာ ကာတွင် ကျင်းပမည့် ၂၀၂၅ ကမ္ဘာ့ကုန်စည်ပြပွဲသို့ ယခုအချိန် အထိ နိုင်ငံနှင့်ဒေသပေါင်း ၁၀၀ မှ ဝင်ရောက် ပြသမည်ဖြစ်ကြောင်း ကြေညာထားသည်။
အနောက်အာဖရိက နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အိုင်ဗရီကို့စ် ဟု လူသိများသည့် ကော့ဒူဝါး နိုင်ငံအပါအဝင် နိုင်ငံနှင့်ဒေသ ပေါင်း ၁၃ ခုသည် ကမ္ဘာ့ကုန်စည် ပြပွဲသို့ ပါဝင်ရန် နောက်ဆုံး ကြေညာထားကြောင်း ၂၀၂၅ ကမ္ဘာ့ကုန်စည်ပြပွဲဝန်ကြီး ဝါကာ မီယာကန်ဂျီက ပြောကြားလိုက် သည်။
ထို့အပြင် နိုင်ငံတကာ အဖွဲ့ အစည်း ခုနစ်ခုလည်း ကမ္ဘာ့ ကုန်စည်ပြပွဲသို့ ဝင်ရောက်ပြသရန် စီစဉ်ထားကြောင်း ဧပြီ ၈ ရက်တွင် ဝါကာမီယာက ထပ်လောင်း ပြောကြားလိုက်သည်။
နိုင်ငံနှင့် ဒေသပေါင်း ၁၅၀ ခန့်နှင့် နိုင်ငံတကာ အဖွဲ့အစည်း ပေါင်း ၂၅ ခုခန့် ကမ္ဘာ့ကုန်စည် ပြပွဲ၌ ပါဝင်ပြသရန် မျှော်မှန်း ထားကြောင်း ဂျပန်အစိုးရက ပြောကြားလိုက်သည်။
နောက်ထပ် နိုင်ငံနှင့်ဒေသ ပေါင်း ၁၂ ခုသည် ကမ္ဘာ့ကုန်စည် ပြပွဲသို့ ပါဝင်ရန် စီစဉ်ထားသော် လည်း တရားဝင်ကြေညာခြင်း မပြုသေးကြောင်း ဝါကာမီယာက ပြောကြားလိုက်သည်။
ဂျပန်အစိုးရက ၂၀၂၅ ကမ္ဘာ့ ကုန်စည်ပြပွဲသို့ နိုင်ငံနှင့်ဒေသ များအပါအဝင် အဖွဲ့အစည်းများ ပါမကျန် ၇၅ ရာခိုင်နှုန်းနီးပါးခန့်ပါဝင်ပြသရန် မျှော်မှန်းထားသည်။
အစိုးရသည် အဆိုပါ ကုန်စည် ပြပွဲသို့ နိုင်ငံနှင့်ဒေသများ အပါ အဝင် အဖွဲ့အစည်းများ ပိုမိုပါဝင် ပြသနိုင်ရန် စည်းရုံးလှုံ့ဆော်မှု များကို အရှိန်မြှင့်တင်ပြုလုပ်သွား မည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ