
တိုကျို ဇူလိုင် ၁၃
ဂျပန်နိုင်ငံအလယ်ပိုင်း အာတမီမြို့၌ သဘာဝဘေးကြောင့် နေအိမ်မှ ရွှေ့ပြောင်းကယ်ဆယ်ထားသော ပြည်သူများ မိမိတို့နေအိမ်များတွင် ပြန်လည်နေထိုင်ခွင့်ပြုရန် အစီအစဉ်ကို အဆိုပါမြို့ရှိ အာဏာပိုင်များက ဆိုင်းငံ့ထားကြောင်း သိရသည်။
ရှီဇူအိုကာခရိုင်တွင် ဇူလိုင် ၁၂ ရက်မှစတင်ကာ သုံးရက်အကြာ ဒေသခံများနေအိမ်များသို့ ပြန်ခွင့် ပြုသည့်အစီအစဉ် စတင်ခဲ့သည်။ သို့သော်လည်း ဇူလိုင် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်ဒေသခံများ နေအိမ်များ သို့ သွားရောက်ရန် ခွင့်မပြုသေးဟု ဆုံးဖြတ်ချက်ချခဲ့သည်။
ဒေသခံများဇူလိုင် ၁၂ ရက်တွင် ၎င်းတို့၏ နေအိမ်များသို့ ပြန်သည့်အခါ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များကို အနှောင့်အယှက်အဟန့်အတားဖြစ်စေသည့်အတွက် ယခုလိုဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။
အာတမီမြို့တွင်ဇူလိုင် ၃ ရက်က ရွှံ့နွံပြိုဆင်းမှုများဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည်။ အဆိုးဆုံးထိခိုက်ခံစားခဲ့ရသည့်နေရာများတွင် ကယ်ဆယ်ရေးသမားများသည် ၎င်းတို့၏ လက်များကို အသုံးပြုကာ ရွှံ့နွံများနှင့် အပျက်အစီးများကိုဖယ်ရှားပေးရန် လုပ်ဆောင်ခဲ့ကြသည်။
အင်န်အိတ်ချ်ကေ