ဂျပန်လွှတ်တော်ရုံးများ၌ ဗုံးများပေါက်ကွဲမည်ဟု သတိပေးထားသည့် အီးမေးလ်များ လက်ခံရရှိ

 

တိုကျို     ဧပြီ    ၂၀ 
ဧပြီ   ၂၁   ရက်   မွန်းလွဲပိုင်းတွင်   လွှတ်တော်ရုံး များတွင် ဗုံးများပေါက်ကွဲမည်ဟု သတိပေးထားသည့် အီးမေးလ်များ လက်ခံရရှိခဲ့ကြောင်း ဂျပန်လွှတ်တော် အရာရှိများက ပြောသည်။ 
အဆိုပါသတိပေးချက်ကို     လွှတ်တော်နှစ်ရပ် စလုံး၏ဝက်ဘ်ဆိုက်များပေါ်သို့ ဧပြီ ၁၉ ရက်ညက ပေးပို့ခဲ့ကြောင်း အရာရှိများက ပြောသည်။ 
အီးမေးလ်ပေးပို့သူသည်     ဘာသာရေးအဖွဲ့ အစည်းတစ်ခု၏    အဖွဲ့ဝင်တစ်ဦး    ဖြစ်သည်ဟု   ပြောကြားသည်။ 
ဆာရင်းအဆိပ်ဓာတ်ငွေ့ထုတ်ရန်    ပေါက်ကွဲ စေတတ်သောပစ္စည်းများနှင့် ပေါက်ကွဲအားပြင်းထန်  သည့်  ဗုံးများကို လွှတ်တော်ရုံးများ၌  ထောင်သွား မည်ဖြစ်ကြောင်း   အဆိုပါအီးမေးလ်တွင်   ဖော်ပြ ထားသည်။ ဧပြီ ၂၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၄  မိနစ်တွင် လူအမြောက်အမြားသေဆုံး အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း   ၎င်းတို့ က သတိပေးထားသည်။ 
ထို့ကြောင့်     လုံခြုံရေးအစောင့်အကြပ်များ ချထားပြီး သတိပေးချက်မြှင့်တင်ထားသည်။
အင်န်အိတ်ချ်ကေ