ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာအလုပ်သမား ၁၃၀၀ ကျော်ကို ခေါ်ယူရန် ရှိနေ

 

ရန်ကုန်   ဖေဖော်ဝါရီ   ၁
ဂျပန်ကုမ္ပဏီ  ၄၀၀ ကျော်က မြန်မာအလုပ်သမား ဦးရေ ၁၃၀၀ ကျော် ခေါ်ယူရန်ရှိနေကြောင်း ဂျပန် နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်အသိပေးလာ ချက်အရ သိရသည်။
အဆိုပါ အချက်မှာ မြန်မာသံရုံးမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ   ၁၆  ရက်မှ  ဇန်နဝါရီ ၃၁ ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြား ခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၄၁၆ ခုနှင့် ပတ်သက် သည့် အချက်အလက်များအား အသိပေးထုတ်ပြန် ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က  မြန်မာအလုပ်သမား  အမျိုးသား   ၄၀၀ ကျော်၊ အမျိုးသမီး ၉၀၀ ကျော် စုစုပေါင်းဦးရေ ၁၃၀၀ ကျော်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်အရ မြန်မာသံရုံးအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက   နိုင်ငံခြားရေးဝန်ကြီး ဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand  Letter)  များကို  အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း     သိရသည်။
ထိုသို့စိစစ်ဆောင်ရွက်ရာတွင်    ဂျပန်နိုင်ငံရှိ  အလုပ် သမားကြီးကြပ်ရေး    ကုမ္ပဏီနှင့်     အလုပ်ခေါ်ယူ သည့်    စက်ရုံ/ ကုမ္ပဏီများသည်    ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း   ရှိ/ မရှိ  စာရွက် စာတမ်း      အထောက်အထားများစိစစ်ပြီး      စိစစ် တွေ့ရှိချက်များ၊        သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်    အလုပ်သမား ဝန်ကြီးဌာနသို့      ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်    ၂၀၂၃  ခုနှစ်   ဇန်နဝါရီ  ၁  ရက်မှ ၁၅    ရက်အတွင်းကလည်း    နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်း စာ ၁၉၀ ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဦးရေ ၆၀၀ ခန့် ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။ 


MT