ဂျပန်ကုမ္ပဏီ ၃၇၀ က မြန်မာလုပ်သား ၁၃၀၀ ကျော် ခေါ်ယူမည်

 

ရန်ကုန်   မတ်  ၁


ဂျပန်ကုမ္ပဏီ  ၃၇၀ က မြန်မာအလုပ်သမား ဦးရေ ၁၃၀၀ ကျော် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ  မြန်မာသံရုံးက ဖေဖော်ဝါရီ  ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည်။

 

မြန်မာသံရုံး  တိုကျိုမြို့မှ  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၉ ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့  ပေးပို့ပြန်ကြားခဲ့ သည့်  အလုပ်ကမ်းလှမ်းစာ ၃၇၀ နှင့် ပတ်သက် သည့်   အချက်အလက်များအား   အသိပေး အကြောင်းကြားရာတွင်    ဖော်ပြထားသော အချက်အလက်များအရ သိရသည်။


အဆိုပါထုတ်ပြန်ချက်အရ  ဂျပန်ကုမ္ပဏီ ၃၇၀ က   မြန်မာအလုပ်သမား    အမျိုးသား ၄၀၀ ကျော်၊ အမျိုးသမီး ၈၀၀ ကျော် စုစုပေါင်း ဦးရေ  ၁၃၀၀ ကျော်  ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။


အဆိုပါထုတ်ပြန်ချက်အရ   မြန်မာသံရုံးတိုကျိုမြို့အနေဖြင့်  အလုပ်သမားဝန်ကြီးဌာန က နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့ လာသည့်   အလုပ်ကမ်းလှမ်းစာ   (Demand Letter) များကို   အချိန်နှင့်တစ်ပြေးညီ  စိစစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ် ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံ တွင် တရားဝင်တည်ထောင်ထားခြင်း  ရှိ/ မရှိ စာရွက်စာတမ်းအထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက် များကို  နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့  ပြန်လည်ပေးပို့ လျက်ရှိကြောင်း သိရသည်။


ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၅ရက်အတွင်းကလည်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့ သည့်  အလုပ်ကမ်းလှမ်းစာ ၃၀၀ ကျော်က မြန်မာစုစုပေါင်း ဦးရေ ၉၀၀ ကျော် ခေါ်ယူမည် ဖြစ်ကြောင်း      သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။                                 

MT