ဂျပန်ကိုယ်ပိုင်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့နှင့် ဂျာမနီလေတပ်တို့ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်

 

တိုကျို   စက်တင်ဘာ   ၂၈


ဂျပန်ကိုယ်ပိုင်လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ (အေအက်စ်ဒီအက်ဖ်)     နှင့်      ဂျာမနီလေတပ်တို့ သည်   ပထမဆုံးအကြိမ်အဖြစ်   ဂျပန်နိုင်ငံတွင် ပူးတွဲစစ်ရေး    လေ့ကျင့်မှုပြုလုပ်ကြောင်း    အင်န် အိတ်ချ်ကေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

 


ဂျပန်တိုက်လေယာဉ်သုံးစင်းနှင့် 
ဂျာမန်တိုက်လေယာဉ်သုံးစင်းပါဝင်


ဂျပန်   အက်ဖ်-၂  တိုက်လေယာဉ်သုံးစင်းနှင့် ဂျာမန်ယူရို တိုက်လေယာဉ်သုံးစင်းတို့ စက်တင်ဘာ ၂၈ ရက်က စစ်ရေးလေ့ကျင့်မှု၌ ပါဝင်ခဲ့ကြောင်းနှင့်  စစ်ရေးလေ့ကျင့်မှုပြီးနောက် တိုကျိုအနီး အီဘာရာကိ စီရင်စုရှိ   ဟာကုရိ    လေတပ်အခြေစိုက်စခန်းကို  ရောက်ရှိလာခဲ့ကြောင်း သိရသည်။  

 


စစ်ရေးလေ့ကျင့်မှုတွင် ဆက်သွယ်ရေးနှင့် နည်း ဗျူဟာကျွမ်းကျင်မှုများ  တိုးတက်စေရန်  ဖွဲ့စည်း လေ့ကျင့်မှုပါဝင်ကြောင်း      အေအက်စ်ဒီအက်ဖ်က   ပြောသည်။  ဂျာမနီသည် အင်ဒို-ပစိဖိတ်ဒေသ၌ ပါဝင်ပတ်သက်မှုကို မြှင့်တင်သွားမည်ဟု   ၂၀၂၀   ပြည့်နှစ်က  သံတမန်ရေးရာနှင့်      အမျိုးသားလုံခြုံရေး လမ်းညွှန်ချက်တွင် ပြောကြားထားသည်။ 

 


ဂျာမနီဖရီးဂိတ်သင်္ဘောတစ်စင်း
ဂျပန်ဆိပ်ကမ်းတစ်ခုသို့ ရောက်ရှိလာ


ယင်း၏   တစ်စိတ်တစ်ပိုင်းအနေဖြင့်  ဂျာမနီ လေတပ်သည်   ဩစတြေးလျတွင်  ကျင်းပခဲ့သော  ဘက်စုံစစ်ရေး   လေ့ကျင့်မှုတွင်  စက်တင်ဘာလ အစောပိုင်းအထိ ပါဝင်ခဲ့ကြောင်း သိရသည်။  ထို့ပြင်  ဂျာမနီရေတပ်ဖရီးဂိတ်      သင်္ဘောတစ်စင်းသည် နှစ် ၂၀ ခန့်အတွင်း ပထမဆုံးအကြိမ်အဖြစ်  ပြီးခဲ့ သည့်   နိုဝင်ဘာလတွင်  ဂျပန်ဆိပ်ကမ်းတစ်ခုသို့ ရောက်ရှိလာခဲ့ပြီး     ဂျပန်ရေကြောင်း      ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ ပါဝင်ခဲ့သည်ဟုဆိုသည်။ 

 


ထိုကဲ့သို့   ပူးတွဲစစ်ရေးလေ့ကျင့်မှုမှတစ်ဆင့်     ဂျာမနီစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် သွားနိုင်မည်ဟု  မျှော်လင့်ပါကြောင်း အေအက်စ်ဒီ အက်ဖ်က ပြောသည်။   


           

အင်န်အိတ်ချ်ကေ