ဂျပန်ချီတိုဆီလေဆိပ်သစ်ကြီးတွင် ခရီးသည်တင်လေယာဉ်နှစ်စင်း တိုက်မိ

တိုကျို   ဇန်နဝါရီ   ၁၆ 


ကိုရီးယားလေယာဉ်တစ်စင်းသည် ဇန်နဝါရီ ၁၆ ရက်က လေယာဉ် ပြေးလမ်းဆီသို့     ဖြည်းညင်းစွာ မောင်းနေစဉ်     ရပ်ထားသော ကာသေးပစိဖိတ်    လေကြောင်း လိုင်းမှ       လေယာဉ်တစ်စင်းကို ဝင်တိုက်မိခဲ့ကြောင်း ဂျပန်နိုင်ငံ မြောက်ပိုင်း    ဟော့ကိုင်းဒိုးခရိုင် ချီတိုဆီလေဆိပ်သစ် အရာရှိများ က ပြောကြားခဲ့သည်။  


အဆိုပါ လေယာဉ်တိုက်မိမှု သည် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲဝန်းကျင်၌ ဖြစ်ပွားခဲ့သည်။ 
ခရီးသည်     ၂၈၀  ကျော်နှင့် လေယာဉ်အမှုထမ်းများ လိုက်ပါ လာသော  ကိုရီးယားလေယာဉ် သည်       ဆိုးလ်ခရီးစဉ်မတိုင်မီ လေယာဉ်ပြေးလမ်းဆီသို့ ဖြည်း ညင်းစွာမောင်းနေစဉ်  ခရီးသည် များချပြီး       ရပ်နားထားသော ကာသေး   ပစိဖိတ်လေကြောင်း လိုင်း      လေယာဉ်တစ်စင်းကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။


အင်န်အိတ်ချ်ကေ ရုပ်သံဖိုင် ထဲတွင်   ကိုရီးယားလေယာဉ်၏  ဘယ်ဘက်        အတောင်ပံဖျား ပျက်စီးခဲ့ပြီး    ကာသေးပစိဖိတ် လေယာဉ်၏   နောက်ပိုင်းလည်း ပျက်စီးခဲ့သည်ကို တွေ့မြင်နိုင်သည်။ 


လေယာဉ်နှစ်စင်း   တိုက်မိ မှုကြောင့်    မီးလောင်မှု  သို့မဟုတ်    လောင်စာဆီ  ယိုစိမ့်သည့် သတင်း ဖော်ပြခြင်းမရှိကြောင်း လေဆိပ် အရာရှိများက ပြောသည်။ 


အင်န်အိတ်ချ်ကေ