
မနီလာ နိုဝင်ဘာ ၂၆
ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ် -၁၉ ကာကွယ်ဆေးများ သယ်ဆောင် ရာတွင် အသုံးပြုနိုင်ရန်အတွက် အအေးခန်း ထရပ်ကားများနှင့် ကွန်တိန်နာများကို ဂျပန်နိုင်ငံက ထောက်ပံ့ပေးခဲ့ကြောင်း သိရ သည်။
ထိုထရပ်ကား နှစ်စီးနှင့် ဆေးဝါး သိမ်းဆည်းနိုင်သည့် အအေးခန်း ကွန်တိန်နာ ၆၀၀ ကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီက ဖိလစ်ပိုင်ကျန်းမာ ရေးဌာနသို့ နိုဝင်ဘာ ၂၅ ရက် တွင် လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။ ကွန်တိန်နာ တစ်လုံး လျှင် ဆေးအလုံးရေ ၅၈၀၀ ကို သိမ်းဆည်းနိုင်ကြောင်းနှင့် ဆေးဝါးများကို အနုတ် နှစ်ဒီဂရီ ဆဲစီးရပ်အောက်တွင် နာရီပေါင်း ၁၀၀ကြာအောင် ထိန်းသိမ်းထား နိုင်သည်ဟု သိရသည်။
ဝေးကွာသည့် ကျွန်းများသို့ ဆေးဝါးများ ပို့ဆောင်ရာတွင် လွယ်ကူမည် ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ မြင့်မားသည့် အပူချိန်အောက်တွင် ဆေးဝါး များကို သယ်ယူပို့ဆောင်ရာ၌ ဆေးဝါး၏ လုံခြုံစိတ်ချရမှုနှင့် အစွမ်းထက်မှုမှာ စိန်ခေါ်မှု တစ်ခု ဖြစ်လာသည်။ အစိုးရက လက်ခံရရှိထားသည့် ကိုဗစ်- ၁၉ကာကွယ်ဆေး အလုံးရေ ၃၁ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၁၂ ရာခိုင်နှုန်းမှာ အသုံးမဝင် ဖြစ်ခဲ့ရကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဌာနက ပြောသည်။ ဝေးကွာသည့်ဒေသရှိ လူများထံ အစွမ်းထက်သည့် ကာကွယ် ဆေးပေးပို့နိုင်ရန် ရည်ရွယ်၍ ယခုလို လှူဒါန်းရခြင်းဖြစ် ကြောင်း ဂျိုက်ကာဒေသခံရုံး အကြီးအကဲ ဆာကာမိုတို တာကီမာက ပြောသည်။
အင်န်အိတ်ချ်ကေ