
တိုကျို ဇန်နဝါရီ ၂၀
မောင်းသူမဲ့ အာကာသစူးစမ်း လေ့လာရေးယာဉ် တစ်စင်းမှာ လပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြောင်း ဂျပန် အာကာသအေဂျင်စီ တာဝန်ရှိသူ များက ပြောသည်။ ထို့ကြောင့် ဂျပန်နိုင်ငံသည် ရုရှား(ယခင် ဆိုဗီ ယက်ပြည်ထောင်စု)၊ အမေရိကန်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ ပြီးနောက် လပေါ်သို့ အာကာသ ယာဉ် အောင်မြင်စွာ ဆင်းသက် နိုင်သည့် ပဉ္စမမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။
ဂျပန်အာကာသ စူးစမ်း လေ့လာရေးအေဂျင်စီ (ဂျေအေ အိတ်စ်အေ)သည် လဆင်းယာဉ် တစ်စင်းကို စက်တင်ဘာလတွင် ကာဂိုရှီးမားစီရင်စုရှိ တာနီဂါရှီး မား အာကာသစင်တာမှ လွှတ် တင်ခဲ့ခြင်းဖြစ်သည်။ လကမ္ဘာ စူးစမ်းလေ့လာရေးယာဉ် (အက်စ် အယ်အိုင်အမ်) မှာ ဇန်နဝါရီ ၂၀ ရက်တွင် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြောင်း ဂျေအေ အိတ်စ်အေက ပြောသည်။
သို့သော်လည်း ယာဉ်ပေါ်ပါ ဆိုလာဘက်ထရီက ဓာတ်အား ထုတ်လွှတ်ပေးနိုင်ခြင်း မရှိကြောင်း နှင့် အခြားပစ္စည်း အများအပြားက ပုံမှန်အတိုင်း အလုပ်လုပ်ကြောင်း ၎င်းတို့က ဆက်ပြာသည်။ ပုဂ္ဂလိက ကဏ္ဍမှ ပိုမိုပါဝင်လာမှုကြောင့် လမျက်နှာပြင် စူးစမ်းလေ့လာရေး အတွက် ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင် မှုများ မြင့်တက်လာကြောင်း၊ အမေရိကန်အာကာသအေဂျင်စီ နာဆာက ၂၀၂၆ ခုနှစ်တွင် လပေါ် သို့ လူလိုက်ပါမည့် မစ်ရှင်တစ်ခု လွှတ်တင်ရန် ရည်ရွယ်နေကြောင်း နှင့် ယင်းသို့ လွှတ်တင်ခြင်းမှာ ရာစုနှစ်ဝက်ခန့်အတွင်းမှာ ပထမ ဆုံးအကြိမ် ကြိုးပမ်းအားထုတ် မှု ဖြစ်လာဖွယ်ရှိကြောင်း သိရ သည်။
အင်န်အိတ်ချ်ကေ