ဂျပန်အိမ်ရှေ့မင်းသားနှင့် မင်းသမီးတို့ ဂျပန်နှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် (၅၀) ပြည့်အထိမ်းအမှတ်အခမ်းအနားတက်ရောက်

 

တိုကျို  စက်တင်ဘာ  ၂၁ 


ဂျပန်       အိမ်ရှေ့မင်းသားနှင့် မင်းသမီး      အာကီရှီနိုသည် ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်း ၌     ကျင်းပသည့်   အခမ်းအနား တစ်ခုသို့  တက်ရောက်ခဲ့သည်။ 


အိမ်ရှေ့မင်းသား   မင်းသမီး ဇနီးမောင်နှံတို့သည် ဗီယက်နမ် နိုင်ငံသို့ စက်တင်ဘာ ၂၀ ရက်က ရောက်ရှိလာခဲ့သည်။ 
စက်တင်ဘာ  ၂၁ ရက်တွင်   အိမ်ရှေ့မင်းသား        မင်းသမီး  ဇနီးမောင်နှံတို့သည်    နှစ်နိုင်ငံ သံတမန်     ဆက်ဆံရေးထူထောင် ခြင်း နှစ် (၅၀) ပြည့်အထိမ်းအမှတ်   အခမ်းအနားကို  အသိအမှတ်ပြု တက်ရောက်ခဲ့သည်။


ဗီယက်နမ်     လွတ်လပ်ရေး လှုပ်ရှားမှု     ခေါင်းဆောင်များ မြှုပ်နှံထားရှိရာ ဟိုချီမင်းအာဇာနည် ဗိမာန်တွင်     အိမ်ရှေ့မင်းသား မင်းသမီး   ဇနီးမောင်နှံတို့သည် လွမ်းသူပန်းခွေချပြီး အလေးအမြတ် ပြုခဲ့သည်။ 


ထို့နောက်    အိမ်ရှေ့မင်းသား မင်းသမီး      ဇနီးမောင်နှံတို့သည် ဗီယက်နမ်သမ္မတရုံးသို့     သွား ရောက်ခဲ့သည်။ ၎င်းတို့ကို ဒုတိယ သမ္မတ ဗိုသီအန်ချွမ်းက ကြိုဆို ခဲ့သည်။     


ကလေးများသည် ဂျပန်နိုင်ငံ နှင့်  ဗီယက်နိုင်ငံတို့၏  အလံများ ကို  ဝှေ့ယမ်းပြခဲ့ပြီး လက်ဆောင် ပန်းစည်းများ ပေးကမ်းခဲ့သည်။ 


ဒုတိယသမ္မတက     ဂျပန် အိမ်ရှေ့မင်းသား    မင်းသမီးတို့၏ ယခုခရီးစဉ်သည် အကျိုးဖြစ်ထွန်း စေမည်ဟု   မျှော်လင့်ကြောင်းနှင့် ဗီယက်နမ်နှင့်    ဂျပန်နှစ်နိုင်ငံ အကြား    ရင်းနှီးဖော်ရွေသည့်  ဆက်ဆံရေးကို ဖော်ဆောင်နိုင်မည် ဟု ယုံကြည်ကြောင်း   ပြောကြား သည်။ 


ယခုလို   ဖိတ်ကြားခံရသည့် အတွက်  လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ကြောင်း    အိမ်ရှေ့မင်းသား အာကီရှီနိုက  ပြောသည်။ 
ထို့နောက်      အိမ်ရှေ့မင်းသား မင်းသမီး    ဇနီးမောင်နှံတို့သည် နိုင်ငံတော်ဧည့်ဂေဟာ၌  ကျင်းပ သော         နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။ 


ယခုခရီးစဉ်ကို       အိမ်ရှေ့ မင်းသား အာကီရှီနိုက ဂျပန်နိုင်ငံ နှင့်  ဗီယက်နမ်   နှစ်နိုင်ငံအကြား သမိုင်းတွင်စေမည့် ခရီးစဉ်ဖြစ်စေ ချင်ကြောင်း ပြောကြားခဲ့သည်။ 


အင်န်အိတ်ချ်ကေ