ဂျပန် လစူးစမ်းလေ့လာရေးယာဉ် သတ်မှတ်ထားသည့် အကွာအဝေးအတွင်း လကမ္ဘာပေါ်သို့ အောင်မြင်စွာ ဆင်းသက်

 

တိုကျို   ဇန်နဝါရီ    ၂၅ 

လူလိုက်ပါခြင်းမရှိသည့် လစူးစမ်းလေ့လာရေးယာဉ် စလင်း (SLIM) သည် လွန်ခဲ့သော စနေနေ့က လမျက်နှာ ပြင်ပေါ်သို့ သတ်မှတ်ထားသည့်အတိုင်း အတိအကျဆင်းသက်နိုင်ခဲ့ကြောင်း ဂျပန်အာကာသအေဂျင်စီက ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသည် လကမ္ဘာစူးစမ်းလေ့လာမှုများပြုလုပ်ရန် လမျက်နှာပြင်ပေါ်သို့ ဆင်းသက် နိုင်ခဲ့သည့် ငါးနိုင်ငံမြောက်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။

ဂျပန်အာကာသလေကြောင်း ရှာဖွေစူးစမ်းရေး အေဂျင်စီ (ဂျာဆာ)  သည်   ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။ အသေး စိတ်လေ့လာဆန်းစစ်မှုအချက်အလက်များက စလင်း (SLIM) သို့မဟုတ် လကမ္ဘာစူးစမ်းလေ့လာရေးယာဉ် သည် သတ်မှတ်ထားသည့်အမှတ် အရှေ့ဘက်   ၅၅ မီတာခန့်တွင် ဆင်းသက်နိုင်ခဲ့ကြောင်း ဂျာဆာက ရှင်းပြခဲ့သည်။

သတ်မှတ်ထားသည့်   မီတာ   ၁၀၀ အတွင်း  ဆင်းသက်နိုင်ခဲ့သည့်အတွက်   စလင်း (SLIM) သည် တိကျသောအမှတ်အတွင်း ဆင်းသက် နိုင်ခဲ့ကြောင်း ဂျာဆာက ပြောသည်။ 


လကမ္ဘာပေါ်သို့ ဆင်းသက်နိုင်ခဲ့သော တခြားနိုင်ငံ များ၏  လစူးစမ်းလေ့လာရေး     ယာဉ်များနှင့် နှိုင်းယှဉ်ကြည့်ပါက ဂျပန်နိုင်ငံ၏လစူးစမ်းလေ့လာရေးယာဉ်သည်  သတ်မှတ်ထားသည့်အကွာအဝေး အတွင်း အောင်မြင်စွာဆင်းသက်နိုင်ခဲ့သည်။

တခြား နိုင်ငံများ၏   လစူးစမ်းလေ့လာရေးယာဉ်များသည် သတ်မှတ်ထားသည့်အမှတ်ထက်     ကီလိုမီတာ တော်တော်များများအကွာ၌   ဆင်းသက်ခဲ့ကြောင်း သိရသည်။ 


လမျက်နှာပြင်ပေါ်သို့ ဆင်းသက်မည့်ဆဲဆဲတွင် လကမ္ဘာစူးစမ်းလေ့လာရေး စက်ရုပ်ငယ်နှစ်ရုပ်ကို စလင်း (SLIM) က စေလွှတ်ခဲ့ပြီး လုပ်ငန်းများကို ပုံမှန်အတိုင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ၎င်းတို့ သည်စလင်း (SLIM) ဆီသို့ ပုံရိပ်များပေးပို့ခဲ့သည်။

စလင်း (SLIM)သည် လမျက်နှာပြင်ပေါ်သို့  ဆင်းသက် ခါနီးတွင်  လုံလောက်သည့် လျှပ်စစ်ဓာတ်အားထုတ် ပေးရန် နေစွမ်းအင်မရသည့်ဘက်မှ  ဆင်းသက်ရန် ကြိုးစားခဲ့သည့်အခြေအနေကြောင့်  အဓိကအင်ဂျင် နှစ်လုံးအနက်  တစ်လုံးမှာ မီတာ ၅၀ အမြင့်တွင် တွန်းကန်အား  ပျောက်ဆုံးခဲ့ပြီး   အင်ဂျင်ပြဿနာ ဖြစ်ပေါ်ခဲ့ကြောင်း ဂျာဆာက ပြောသည်။ 


ဂျာဆာပရောဂျက်မန်နေဂျာ ဆာကာအီရှီနီချီရို က စလင်း (SLIM)  မစ်ရှင်ကို    သတ်မှတ်ထားသည့်   အမှတ်အတွင်း ဆင်းသက်နိုင်ခဲ့သည့်အတွက် အမှတ် ပြည့်ပေးခဲ့သည်။                      

အင်န်အိတ်ခ်ျကေ