
တိုကျို စက်တင်ဘာ ၂၉
ဂျပန်ပင်လယ်ရေကြောင်း ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ အမ်အက်စ် ဒီအက်ဖ် က စက်တင်ဘာ ၃၀ ရက်တွင် အမေရိကန်၊ တောင် ကိုရီးယားရေတပ် တပ်ဖွဲ့များနှင့် ဂျပန်ပင်လယ်ပြင်တွင် ပူးတွဲစစ် ရေး လေ့ကျင့်မှုပြုလုပ်သွား မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
အမ်အက်စ်ဒီအက်ဖ်က ၎င်း၏ ဖျက်သင်္ဘောသည် နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘော ယူအက်စ်အက်စ် ရော်နယ်ရေဂင် အပါအဝင် အမေရိကန် သင်္ဘောငါးစင်း၊ တောင်ကိုရီးယားရေတပ်မှ ဖျက် သင်္ဘောတစ်စင်းနှင့် ရေငုပ် သင်္ဘောတစ်စင်းတို့နှင့်အတူ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သွား မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
နောက်ဆုံး ပြုလုပ်ခဲ့သည့် သုံးနိုင်ငံ ရေတပ်ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ဖြစ်သည်။
အမ်အက်စ်ဒီအက်ဖ် က စက်တင်ဘာ ၃၀ ရက်ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် လွတ်လပ် ပွင့်လင်းသော အင်ဒို-ပစိဖိတ် ဒေသကို အကောင်အထည်ဖော်ရန် အားထုတ်မှုတစ်ခု ဖြစ်ကြောင်း ပြောကြားလိုက်သည်။
အင်န်အိတ်ချ်ကေ