Google Drive ထဲရှိ ဖိုင်များကို အော့ဖ်လိုင်းသုံးနိုင်သည့် Make Available Offline လုပ်ဆောင်ချက်ကို စတင်အသုံးပြုနိုင်

 

 

ရန်ကုန် စက်တင်ဘာ ၇


Google Drive ကို အသုံးပြုသူများအနေဖြင့် drive ထဲတွင်ရှိသော ဒေတာများအားလုံးကို အင်တာနက် လိုင်းမလိုဘဲ  အော့ဖ်လိုင်းအနေဖြင့်  အသုံးပြုနိုင် မည့် Make available offline အမည်ရှိ လုပ်ဆောင် ချက်အသစ်ကို  Google  က  ယခု စက်တင်ဘာ လဆန်းပိုင်းက စတင်အသုံးပြုခွင့်ပေးလိုက်ပြီဖြစ် သည်။ 
အဆိုပါ Make available offline လုပ်ဆောင် ချက်ကို အသုံးပြုရာတွင် မိုဘိုင်းဖုန်းများဖြင့်ဖြစ်စေ၊ ကွန်ပျူတာဖြင့်ဖြစ်စေ  အသုံးပြုနိုင်မည်ဖြစ်သော် လည်း စတင်မိတ်ဆက်ထားသည့် လက်ရှိအချိန် တွင်  Google Drive  အက်ပလီကေးရှင်းဖြင့်သာ အသုံးပြုနိုင်ပြီး   ဖုန်း   သို့မဟုတ်   ကွန်ပျူတာ၏ အင်တာနက်ဘရောက်ဇာများမှဝင်ပါက အသုံးပြု နိုင်ခြင်းမရှိသည်ကို တွေ့ရသည်။
အော့ဖ်လိုင်းသုံးနိုင်ရန်အတွက်   ကွန်ပျူတာ  သို့မဟုတ် ဖုန်း၏ Google Drive အက်ပလီကေးရှင်း ထဲ၌ အော့ဖ်လိုင်းအနေဖြင့် အသုံးပြုလိုသောဖိုင်ကို ရွေးချယ်၍ Make available offline ကို ထပ်ရွေး ပေးလိုက်ရုံသာဖြစ်သည်။ ရွေးချယ်ပြီးပါက ဖိုင်ကို ဒေါင်းလုပ်ဆွဲနေမည်ဖြစ်ပြီး ဒေါင်းလုပ်ဆွဲပြီးပါက ထိုဖိုင်ကို အော့ဖ်လိုင်းအနေဖြင့် သုံးနိုင်ပြီဖြစ်သည်။
Make available offline လုပ်ဆောင်ချက်သည် ဖိုင်ကို   ဒေါင်းလုပ်ဆွဲခြင်းဖြစ်သော်လည်း   ပုံမှန် ဒေါင်းလုပ်ဆွဲခြင်းနှင့် ကွာခြားချက်များရှိသည်။ ပုံမှန်ဒေါင်းလုပ်ဆွဲခြင်းမှာ  Google  Drive  ထဲမှ ဖိုင်ကိုပွား၍ ဒေါင်းလုပ်ဆွဲယူခြင်းဖြစ်ပြီး available offline   လုပ်ခြင်းမှာမူ  အွန်လိုင်းပေါ်မှ   ဖိုင်ကိုပင် အော့ဖ်လိုင်းအနေဖြင့်   သုံးခြင်းဖြစ်သည်။   ပုံမှန် ဒေါင်းလုပ်ဆွဲထားသောဖိုင်ကို  အခြား  အက်ပလီ ကေးရှင်းများဖြင့်  သုံးနိုင်သော်လည်း  Available offline လုပ်ထားသောဖိုင်ကို  Google Drive ဖြင့် သာ အသုံးပြုနိုင်မည်ဖြစ်သည်။ ပုံမှန်ဒေါင်းလုပ် ဆွဲထားသောဖိုင်ကို   ပြုပြင်လျှင်   Google Drive ထဲတွင်      ပြောင်းလဲမှုရှိမည်မဟုတ်သော်လည်း  Available offline လုပ်ထားသောဖိုင်ကို အော့ဖ် လိုင်းဖြစ်နေချိန်တွင် ပြုပြင်ထားပါက အင်တာနက် လိုင်းရချိန်တွင်    အွန်လိုင်းပေါ်ရှိဖိုင်ကိုပါ    အလို အလျောက် ပြောင်းလဲပေးမည်ဖြစ်သည်။ သို့ဖြစ်၍ အွန်လိုင်းပေါ်ရှိ စာဖိုင်တစ်ဖိုင်ကို တည်းဖြတ်လို ပါက ဒေါင်းလုပ်ဆွဲရခြင်း၊ အော့ဖ်လိုင်းတွင် ပြင်ဆင် တည်းဖြတ်ရခြင်း၊     တည်းဖြတ်ပြီးသောဖိုင်ကို အွန်လိုင်းတွင်ပြန်တင်ရခြင်း စသည့် အဆင့်များကို Make available offline အသုံးပြုခြင်းဖြင့် ကျော် လွှားနိုင်မည်ဖြစ်သည်။ 
Google Drive   အနေဖြင့်   Drive  ၏  online storage  ထဲတွင်ရှိသော   ဖိုင်များအနက်  စာဖိုင် (documents)များကို အော့ဖ်လိုင်းအနေဖြင့် အသုံး ပြုနိုင်သည့် လုပ်ဆောင်ချက်ကို ၂၀၁၉ ခုနှစ်ကပင် စမ်းသပ်ဗားရှင်းအနေဖြင့်  စတင်အသုံးပြုခွင့်ပေး ထားခဲ့ပြီးနောက် ယခု ၂၀၂၁ ခုနှစ် စက်တင်ဘာလ ဆန်းတွင် စာဖိုင်များသာမက အခြားဖိုင်အမျိုးအစား အားလုံးနှင့် ဖိုလ်ဒါများကိုပါ အော့ဖ်လိုင်းအနေဖြင့် သုံးနိုင်သည့်  လုပ်ဆောင်ချက်အသစ်ကို  ထပ်မံ အသုံးပြုခွင့်ပေးလိုက်ခြင်းဖြစ်သည်။           ကိုစိုး