
နေပြည်တော် ဩဂုတ် ၃
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ Friday Night Live Show အဖြစ် တင်ဆက်မည့် “ဂန္ထဝင်သံစဉ်” တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ဩဂုတ် ၅ ရက် (သောကြာနေ့) ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသမည် ဖြစ်သည်။
ဖျော်ဖြေတင်ဆက်ကြမည်
ယင်းအစီအစဉ်တွင် မြန်မာ့အသံဆိုင်းဝိုင်းကြီးနှင့် သံစုံတီးဝိုင်းတို့၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များဖြစ်ကြသည့် နန်းဝင်း၊ ချမ်းဟိန်း ဝင်းထွန်း၊ မင်းသားလေး၊ ယဉ်ဝေယံထွန်း၊ ခရမ်းကြည်ကြည်မာ၊ နေခြည်၊ ရွှေဖြူ၊ သဒ္ဒါဖြူ၊ မြတ်နိုးစံနှင့် ဝမ်းကေဇင်တို့က ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို ဩဂုတ် ၇ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်