
ဂန့်ဂေါ ဇန်နဝါရီ ၁၂
ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက်၌ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် နိုင်ငံ့ဝန်ထမ်းအိမ်ရာ ဆောက်လုပ်လျက် ရှိရာ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုကို ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၁၀ ရက်က ကြည့်ရှုစစ်ဆေး သည်။
တည်ဆောက်လျက်ရှိသော နိုင်ငံ့ ဝန်ထမ်းအိမ်ရာသစ်မှာ ရှစ်ခန်းတွဲ ငါးထပ်အမျိုးအစားဖြစ်ပြီး (၁၀၇ x ၆၀ x ၄၈.၅)ပေ ကျယ်ဝန်း၍ RCC အမျိုး အစားဖြစ်သည်။ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် သန်း ၈၈၀ ဖြင့် ဘဏ္ဍာရေးနှစ်လွန် လုပ်ငန်း အဖြစ် တင်ဒါအောင်မြင်သော ကုမ္ပဏီ က တာဝန်ယူပြီး ၂၀၂၁ ဇန်နဝါရီလ မှ စတင်ဆောက်လုပ်နေခြင်းဖြစ်ကာ ယခုအခါ ၅၀ ရာခိုင်နှုန်း ပြီးစီးသွားပြီ ဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဦးဇင်ဇင်ဇော်ထံမှ သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေ ကျပ်သန်း ၁၁၉၀ ဖြင့် တည် ဆောက်၍ ၂၀၂၀ ပြည့်နှစ်မှစတင်ပြီး နိုင်ငံ့ဝန်ထမ်းများအား ငှားရမ်းပေးထား သည့် နိုင်ငံ့ဝန်ထမ်းအိမ်ရာ ရှစ်ခန်း တွဲ ခြောက်ထပ်တွင် ဝန်ထမ်းများ အေးချမ်းစွာ နေထိုင်ကြမှု အခြေအနေ များ၊ ငှားရမ်းပေးထားသည့် အိမ်ခန်း များကို မိမိတို့၏ ကိုယ်ပိုင်ကဲ့သို့ သန့်ရှင်း စွာ နေထိုင်ကြရန်၊ သန့်ရှင်းသာယာလှပ ရေးနှင့် လုံခြုံရေးကော်မတီများတွင် ပါဝင်သည့်ဝန်ထမ်းများ ပြောင်းရွှေ့မှု ရှိပါက အသစ်ပြန်လည်ဖွဲ့စည်းနိုင်ရေးတင်ပြကြရန်နှင့် ဝန်ထမ်းများပြောင်း ရွှေ့သွားပါက ငှားရမ်းထားသည့်အိမ်ခန်း များကို စနစ်တကျပြန်လည်အပ်နှံကြရန် လည်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မှာကြားခဲ့သည်။
အဆိုပါ ဝန်ထမ်းအိမ်ရာတည်ဆောက် ပြီးစီးပါက အခန်းပေါင်း ၄၀ ရရှိကာ နိုင်ငံ့ ဝန်ထမ်း မိသားစုပေါင်း ၄၀ အား ငှားရမ်း ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)