
ဂွ ဖေဖော်ဝါရီ ၉
ရခိုင်ပြည်နယ် ဂွမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ် ပြည်သူ့ဆေးရုံ၌ အရေးပေါ်အသုံးပြုနိုင်ရန်အတွက် (5KW)မီးစက် တစ်လုံး ပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော် နှင့် အဖွဲ့ဝင်များက မြို့နယ်ပြည်သူ့ဆေးရုံတွင် အရေးပေါ်အသုံးပြုနိုင်ရန် အတွက် ငွေကျပ် ၂၈ သိန်းတန်ဖိုးရှိ INGCO Silent diesel Generator GSE 5000 (5KW) မီးစက်တစ်လုံးကိုပေးအပ်ခဲ့ရာ မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကောင်းစံမြတ်က လက်ခံရရယူခဲ့ ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်(ပြန်/ဆက်)