ဂွမြို့နယ်၌ ကုန်ထုတ်လမ်းပေါ်ရှိ ပြွန်တံတား ၁၀ စင်း တည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေး

 

ဂွ   ဇူလိုင်   ၂၆


ရခိုင်ပြည်နယ် ဂွမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က   ၂၀၂၂-၂၀၂၃     ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့်  တင်ဒါ အောင်မြင်သည့် ကုမ္ပဏီက တာဝန် ယူဆောင်ရွက်နေသော   ကံ့ကော် တထောင်ကျေးရွာ     ကုန်ထုတ်လမ်း ပေါ်ရှိ    ပြွန်တံတား   ၁၀   စင်း  တည်ဆောက်နေမှုကို  ဇူလိုင် ၂၅ ရက်က ဂွမြို့နယ် ကျေးလက်ဦးစီးမှူး ဦးထွန်းလင်းကျော်နှင့်    တာဝန်ခံ အင်ဂျင်နီယာတို့က မြေပြင်ကွင်းဆင်း  စစ်ဆေးကြသည်။

 


အဆိုပါ       လုပ်ငန်းအား  ပြည်ထောင်စု   ရန်ပုံငွေ  ကျပ်သန်း ၈၀  ဒသမ ၉၄၃ ဖြင့်  ၎င်းကျေးရွာ ၏     ကျေးလက်နေပြည်သူများ     ကုန်ထုတ်လုပ်မှု  အဆင်ပြေချောမွေ့ စေရန်     တည်ဆောက်ပေးခြင်းဖြစ် ကြောင်း သိရသည်။

အောင်လှဖြူ(ရမ်းဗြဲ)