The Global New Light  of Myanmar နှင့် ရုရှားနိုင်ငံ SPUTNIK Information Agency တို့အကြား သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ် ချုပ်ဆိုခြင်းအခမ်းအနား ကျင်းပ

 

နေပြည်တော်  စက်တင်ဘာ  ၅


ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း   The Global New Light  of Myanmar    နှင့်   ရုရှားနိုင်ငံ     SPUTNIK Information Agency    တို့အကြား   သတင်းအချက်အလက်ဆိုင်ရာ    ပူးပေါင်း       ဆောင်ရွက်ခြင်း  သဘောတူစာချုပ်  ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက   နေပြည်တော်ရှိ    Horizon Lake View  ဟိုတယ်၌   ကျင်းပသည်။


သဘောတူစာချုပ်    ချုပ်ဆိုပွဲ သို့      ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးမောင် မောင်အုန်း၊     ဒုတိယဝန်ကြီး   ဦးရဲတင့်၊    အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊    ဌာနဆိုင်ရာ အကြီးအကဲများနှင့်  စာတည်းမှူး ချုပ်များ၊  SPUTNIK Information Agency     အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြား ရေးမှူး Mr. Vasily Pushkov  နှင့် အဖွဲ့ နှင့်       ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


အမှာစကားပြောကြား 


အခမ်းအနားတွင်        ပြည် ထောင်စုဝန်ကြီး  ဦးမောင်မောင် အုန်း က  အမှာစကားပြောကြား ရာ၌      ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၏     နိုင်ငံတကာသတင်းဌာန  တစ်ခုဖြစ်သည့်         Rossiya Segodnya (Sputnik)       နှင့်   ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံ တော်၏  အင်္ဂလိပ်သတင်းစာ The Global New Light of Myanmar  တို့သည်  ရုရှားနိုင်ငံနှင့်   မြန်မာ နိုင်ငံတို့အကြား  ပူးပေါင်းဆောင် ရွက်မှုခိုင်မာစေရေး ရည်ရွယ်ချက် ဖြင့်    သတင်းမီဒီယာကဏ္ဍတွင်   ပူးပေါင်းဆောင်ရွက်မှု    တိုးတက် စေရေးအတွက်     သဘောတူ စာချုပ်ကို       လက်မှတ်ရေးထိုး ကြမည်ဖြစ်ပါကြောင်း။


ရုရှားနိုင်ငံနှင့်    မြန်မာနိုင်ငံ ၏       သံတမန်ဆက်ဆံရေးကို    ကြည့်လျှင်         ၁၉၄၈    ခုနှစ်  ဖေဖော်ဝါရီလ   ၁၈    ရက်နေ့က စတင်ခဲ့ပြီး ယခုဆိုလျှင် (၇၅)နှစ်  စိန်ရတုကိုပင်   လွန်မြောက်လာခဲ့ ပြီဖြစ်ပါကြောင်း၊       ဆက်သွယ် ဆက်ဆံရေး     အစပြုခဲ့ချိန်မှစပြီး  အစဉ်အလာ      ကောင်းခဲ့သည့်  မြန်မာ - ရုရှား    ဆက်ဆံရေး သည်       အချိန်ကြာလာသည်နှင့်အမျှ  ယုံကြည်မှု၊ အပြန်အလှန် အကျိုးရှိ သော   ပူးပေါင်းဆောင်ရွက်မှုများ ကို   အခြေခံပြီး    နှစ်နိုင်ငံအကျိုး စီးပွားအတွက်    မဟာဗျူဟာ မြောက်    ဘက်စုံဆက်ဆံရေးကို  ထူထောင်လျက်  ရှိသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ပါကြောင်း။


ဤကဲ့သို့        ဆက်ဆံရေးမျိုး  ရှိရန်ဆိုသည်မှာ         တစ်နိုင်ငံနှင့်   တစ်နိုင်ငံအကြား         စိတ်ရင်း  စေတနာ  မှန်ကန်စွာ  ဆက်ဆံနိုင် မှုနှင့်   မိတ်ဝတ်မပျက်    ဆက်ဆံ ရေး၊   ပူးပေါင်းဆောင်ရွက်မှုများ ကို      ထိန်းသိမ်းထားနိုင်လို့ပင်    ဖြစ်ပါကြောင်း၊    ယခုကဲ့သို့    ရုရှား နိုင်ငံနှင့် မြန်မာနိုင်ငံတို့  ချစ်ကြည် ရင်းနှီးစွာ  ဆက်ဆံပတ်သက်နေမှု သည်        ကမ္ဘာ့ငြိမ်းချမ်းရေး၏ ပြယုဂ်တစ်ခုအဖြစ်     ကမ္ဘာကြီးကို  သက်သေပြနေခြင်းပင်        ဖြစ်ပါ ကြောင်း။


မြန်မာ-ရုရှား   ဆက်ဆံရေး သည်     ၁၉၉၀  ပြည့်လွန်နှစ်များ တွင်      ပိုမိုအားကောင်းခဲ့သကဲ့သို့ ၂၀၁၁  ခုနှစ်တွင်    သိသိသာသာ   အရှိန်အဟုန်မြင့်လာခဲ့ပြီး   ၂၀၂၁  ခုနှစ် တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော် ဝန်ကြီးချုပ်      ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏     ရုရှားနိုင်ငံ  ခရီးစဉ်မှစပြီး    နှစ်နိုင်ငံအကြား  ကုန်သွယ်မှုနှင့်      ရင်းနှီးမြှုပ်နှံမှု များ   တိုးမြှင့်မည့်    အစီအစဉ်များ ကို ချမှတ်နိုင်ခဲ့ပါကြောင်း။


နည်းပညာလေ့လာခွင့်ရမည်


အခုကဲ့သို့      နိုင်ငံတကာ  အဆင့်အတန်းမီပြီး   ဂုဏ်သိက္ခာရှိ သည့်    သတင်းအေဂျင်စီတစ်ခု နှင့်     ပူးပေါင်းဆောင်ရွက်နိုင်မှု ကြောင့်   မြန်မာမီဒီယာသမားများ အတွက်       အားတစ်ခုဖြစ်စေပြီး  သတင်းရေးသား     တည်းဖြတ်မှု များ၊ ဓာတ်ပုံရိုက်ကူးမှု နည်းပညာ တို့ကိုပါ   လေ့လာခွင့်ရရှိမည်ဖြစ်ပါ ကြောင်း၊      စာနယ်ဇင်းအတတ် ပညာဆိုင်ရာများကို      နှစ်ဖက်  အပြန်အလှန်   လေ့လာခွင့်ရမည် လည်း ဖြစ်ပါကြောင်း။


နိဂုံးချုပ်အနေဖြင့်   ပြောကြား လိုသည်မှာ     ညီရင်းအစ်ကိုတမျှ  ဆက်ဆံရေး     ခိုင်မာလျက်ရှိပြီး  ချစ်ကြည်ရင်းနှီးကြသည့် မြန်မာ-ရုရှားဆက်ဆံရေးကို   အကြောင်း ပြုပြီး   ယခုစာချုပ်    ချုပ်ဆိုကြ မည့် စာချုပ်ဝင်များက    သတင်း ပြန်ကြားရေးနယ်ပယ်     ဖွံ့ဖြိုး တိုးတက်ရေး၊          ယဉ်ကျေးမှု၊  လူသားချင်းစာနာမှု၊  အားကစား၊  စီးပွားရေးနှင့်     နိုင်ငံရေးဆိုင်ရာ  သတင်းများ     ရေးသားတင်ပြနိုင် ရေး၊     သတင်းစီးဆင်းမှု     ပိုမို သွက်လက်ရေးနှင့်     နှစ်နိုင်ငံ  ပြည်သူများအကြား   နားလည်မှု၊  ထပ်တူကျမှုတို့         ရရှိစေရေး ဆိုသည့်          ရည်ရွယ်ချက်များ  အောင်မြင်အောင် စီမံဆောင်ရွက် နိုင်ကြပါစေကြောင်းနှင့်  ရုရှား-မြန်မာ ညီရင်းအစ်ကို ဆက်ဆံရေး  ထာဝရတည်မြဲပါစေ၊    နှစ်နိုင်ငံ  ချစ်ကြည်ရင်းနှီးမှုနှင့်    သတင်း မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက် မှု အဓွန့်ရှည်ဖြစ်ထွန်းပါစေ .. ဟု ဆုမွန်ကောင်း တောင်းပါကြောင်း    ပြောကြားသည်။


ထို့နောက်       SPUTNIK Information  Agency  အပြည် ပြည်ဆိုင်ရာ  ပူးပေါင်းဆောင်ရွက် ရေး   ညွှန်ကြားရေးမှူး  Mr. Vasily Pushkov   က နှုတ်ခွန်းဆက်စကား ပြောကြားသည်။


သဘောတူစာချုပ်


ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီး      ဦးမောင်မောင်အုန်း ရှေ့မှောက်၌   သတင်းနှင့်စာနယ်ဇင်း  လုပ်ငန်း  ဦးဆောင်ညွှန်ကြားရေး မှူး ၊ The Global New Light of Myanmar  ၏ Board of Director ဥက္ကဋ္ဌ   ဦးသက်ဆွေနှင့်    ရုရှား ဖက်ဒရေးရှင်းနိုင်ငံ     SPUTNIK Information   Agency  အပြည် ပြည်ဆိုင်ရာ  ပူးပေါင်းဆောင်ရွက် ရေး ညွှန်ကြားရေးမှူး  Mr. Vasily Pushkov     တို့က သတင်းအချက် အလက်ဆိုင်ရာ  ပူးပေါင်းဆောင် ရွက်ခြင်းသဘောတူ    စာချုပ်ကို   လက်မှတ်ရေးထိုးပြီး (အောက်ဝဲပုံ)     အပြန်အလှန်  လဲလှယ်ကြသည်။


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီး    ဦးမောင်မောင်အုန်းနှင့်   SPUTNIK Information Agency အပြည်ပြည်ဆိုင်ရာ        ပူးပေါင်း ဆောင်ရွက်ရေး   ညွှန်ကြားရေးမှူး တို့က     အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်  ပေးအပ် ကြသည်။ 
ထို့နောက်    မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ    တေးသံရှင်များ က    မြန်မာ၊ ရုရှားနှင့်   အင်္ဂလိပ် တေးသီချင်းများဖြင့်    ဖျော်ဖြေ သီဆိုကြသည်။


ယင်းနောက်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ  တေးသံရှင်များ အား   SPUTNIK  Information Agency        အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြား ရေးမှူးက     ဂုဏ်ပြုပန်းခြင်းကို လည်းကောင်း၊      ပြည်ထောင်စု ဝန်ကြီးက ဂုဏ်ပြုဆုငွေကို လည်း ကောင်း ပေးအပ်ခဲ့ကြသည်။


ယနေ့   The Global New Light  of Myanmar   သတင်းစာ နှင့်  သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းသဘောတူ စာချုပ်  ချုပ်ဆိုခဲ့သည့်  SPUTNIK Information Agency ကို ရုရှား နိုင်ငံပိုင်     Rossiya  Segodnya (Russia Today)  သတင်းဌာနက ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ဌာနချုပ် မှာ   မော်စကိုမြို့တွင်   အခြေစိုက် သည်။   ထို့ပြင်    ဝါရှင်တန်ဒီစီ၊ ကိုင်ရို၊  ပေကျင်း၊  ပါရီ၊  ဘာလင်၊ မက်ဒရစ်၊ မွန်တီဗီဒီယိုနှင့်  ရီယိုဒီဂျ  နေးယိုးမြို့တို့တွင်      ဒေသဆိုင်ရာ ရုံးခွဲများ      ဖွင့်လှစ်ထားသည်။ အဆိုပါ သတင်းအေဂျင်စီ ဝက်ဘ် ဆိုက်ကို    တစ်လလျှင် ကြည့်ရှုသူ ၆၆ သန်းကျော်ရှိသည့်    သတင်း မီဒီယာတစ်ခုဖြစ်ကြောင်း    သိရ သည်။     


ကြည့်ရှုလေ့လာ


မွန်းလွဲပိုင်းတွင်    SPUTNIK Information Agency     အပြည် ပြည်ဆိုင်ရာ   ပူးပေါင်းဆောင်ရွက် ရေး ညွှန်ကြားရေးမှူး Mr. Vasily Pushkov နှင့်အဖွဲ့သည်   ပြည် ထောင်စုနယ်မြေ   နေပြည်တော်    ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့   သွား ရောက်၍         ဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ      မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၊   ဂန္ဓကုဋိတိုက်များ၊    သဒ္ဓါဓိပတိ   ခေါင်းလောင်းတော်၊     အဂ္ဂါဓိပတိ   သာသနာ့ဗိမာန်တော် ကြီးနှင့်  ကျောက်စာရုံစေတီတော် များကို  လှည့်လည်ကြည့်ရှုလေ့လာ ခဲ့ကြသည်။                    


သတင်းစဉ်