Global Digital Health Summit, Expo and Innovation Awards သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ကြား

အိန္ဒိယသမ္မတနိုင်ငံ  မွန်ဘိုင်းမြို့ရှိ  Jio World Convention Center ၌ ၂၀၂၃ ခုနှစ်၊ စက်တင် ဘာ ၁ ရက်မှ ၂ ရက်အထိ ကျင်းပ ပြုလုပ်မည့် Global Digital Health Summit, Expo and Innovation    Awards   သို့    မြန်မာနိုင်ငံရှိ ကျန်းမာရေးနှင့်        နည်းပညာကဏ္ဍတွင် လုပ်ငန်းများ ဆောင်ရွက်နေသော ကုမ္ပဏီများ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားထားသည်။ 
အခမ်းအနားတွင် ကျန်းမာရေးနည်းပညာ ဆိုင်ရာ   အကောင်အထည်ဖော်   ဆောင်ရွက် နိုင်မည့်     နည်းလမ်းများကို      အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါပြပွဲ နှင့် အခမ်းအနားသို့ မြန်မာကုမ္ပဏီများ ပါဝင် တက်ရောက်ခြင်းဖြင့်    ကျန်းမာရေး၊    ဆေး ပစ္စည်းနှင့်  နည်းပညာဆိုင်ရာ  ကဏ္ဍများမှ အဓိကပုဂ္ဂိုလ်များနှင့် တွေ့ဆုံနိုင်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်မည့်     အလားအလာများကို ရှာဖွေနိုင်မည်ဖြစ်သည်။
Summit  သို့  တက်ရောက်မည့်  မြန်မာ လုပ်ငန်းရှင်များအနေဖြင့် ကုန်ကျစရိတ်များ အား   ကိုယ်တိုင်ကျခံရမည်ဖြစ်ကြောင်းနှင့်  ပြခန်းဆောင်ငှားရမ်းခနှင့်       စပ်လျဉ်း၍ ၎င်းတို့၏     အင်တာနက်     စာမျက်နှာတွင် ဝင်ရောက် မှတ်ပုံတင်ခြင်းဖြင့် သိရှိနိုင်မည် ဖြစ်သည်။ 
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့     ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် moctradefair@myantrade.gov.mm ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက် ပြသနိုင်ကြောင်း သိရှိရသည်။