ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းအတွက် ရထားသံလမ်းများအားလုံး ဂဟေဆက်ခြင်းလုပ်ငန်းပြီးစီး

 

ဂျကာတာ    ဇန်နဝါရီ   ၁၉


ဂျကာတာ-ဘန်ဒေါင်း   မြန်နှုန်းမြင့်  ရထားလမ်း အတွက်  လိုအပ်သော မီတာ ၅၀၀  အရှည်  ရထား သံလမ်းအားလုံး  ဂဟေဆက်လုပ်ငန်းပြီးစီးသွားပြီ ဖြစ်ကြောင်း ဇန်နဝါရီ ၁၇ ရက်က သတင်းထုတ်ပြန် ထားသည်။
ရထားသံလမ်း၏  ခိုင်မာသောအောက်ခံခင်းခြင်း များကို ယခုနှစ် ဖေဖော်ဝါရီလလယ်တွင် ပြီးစီးရန် လုပ်ဆောင်လျက်ရှိသည်။ အရှည်  ၁၄၂ ဒသမ ၃ ကီလိုမီတာရှိသော ရထားလမ်းအတွက် မီတာ ၅၀၀ အရှည် သံမဏိရထားလမ်းပိုင်း စုစုပေါင်း ၁၁၆၈ ခု လိုအပ်ပြီး အဆိုပါ ရထားသံလမ်းရှည်တစ်ခုစီအတွက် တရုတ်နိုင်ငံမှတင်သွင်းသော    မီတာ  ၅၀   အရှည် သံမဏိရထားလမ်းပိုင်းများဖြင့်   အဆင့်   ၁၅  ဆင့် ဂဟေဆက်ထားခြင်းဖြစ်သည်။

 


အဆိုပါ  လုပ်ငန်းကို   တရုတ်နှင့်   အင်ဒိုနီးရှား အလုပ်သမားများ ပူးပေါင်းလုပ်ကိုင်ပြီးစီးခဲ့ခြင်းဖြစ် ပြီး ဇန်နဝါရီ ၁၇ ရက်က အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်း မြို့ရှိ ဂျကာတာ- ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း အတွက် လိုအပ်သော မီတာ ၅၀၀ အရှည် ရထား သံလမ်းအားလုံး ဂဟေဆက်ခြင်းလုပ်ငန်းပြီးစီးခြင်း အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ 
ခင်ရတနာ စုစည်းဖော်ပြသည်၊၊