ဂါဇာတွင် တိုက်ပွဲများရပ်နားထားရန်နှင့် ဓားစာခံအချို့ပြန်လွှတ်ပေးရန် ဆွေးနွေးလျက်ရှိ

 

ဂါဇာ     နိုဝင်ဘာ      ၉


အစ္စရေးနှင့်ဟားမားစ်တို့ကြား တိုက်ပွဲများရပ်နား ထားရန်နှင့် ဟားမားစ်တို့က ဖမ်းဆီးခေါ်ဆောင် သွားသည့်    ဓားစာခံအချို့ကို    ပြန်လွှတ်ပေးရေး ဆွေးနွေးမှုများလုပ်ဆောင်နေကြသည်ဟု မီဒီယာ များတွင် ဖော်ပြထားသည်။ 


ဟားမားစ်တို့ နယ်မြေထိန်းချုပ်နိုင်မှု ဆုံးရှုံးလျက် ရှိပြီး  မြောက်ပိုင်းတွင်   ထိန်းချုပ်နိုင်မှု  ဆက်လက် ဆုံးရှုံးလျက်ရှိသည်ဟု အစ္စရေးတပ်ဖွဲ့ပြောရေးဆိုခွင့် ရှိသူ ရီယာအက်ဒ်မီရယ်  ဒန်နီရယ်ဟဂ်ဂရီက နိုဝင် ဘာ ၈ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောသည်။  အပစ်အခတ်ရပ်စဲမှုပြုလုပ်မည် မဟုတ်သော်လည်း  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ   ကိစ္စရပ်များအတွက်   ခေတ္တရပ်နားမှုကိုမူ အစ္စရေးကခွင့်ပြုထားကြောင်း  ၎င်းကဆက်ပြော သည်။ 


အီဂျစ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့်  ဓားစာခံ အချို့    ပြန်လွှတ်ပေးရေးနှင့်    လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များအတွက် တိုက်ပွဲ များ   ခေတ္တရပ်နားမှုကို   သက်ဆိုင်ရာအဖွဲ့အစည်း များက     သဘောတူလာနိုင်သည်ဟု   အစ္စရေး မီဒီယာအချို့တွင်  နိုဝင်ဘာ ၈ ရက်က ဖော်ပြထား သည်။ 


အင်န်အိတ်ချ်ကေ