
ဂါဇာ နိုဝင်ဘာ ၄
အစ္စရေးတို့၏ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် လူနာတင် ယာဉ်နှစ်စီး ထိမှန်ကာ ၁၅ ဦး ထက်မနည်းသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ပါလက် စတိုင်း အာဏာပိုင်များက ပြော သည်။
ဂါဇာကမ်းမြောင်ဒေသ အကြီး ဆုံးဆေးရုံထဲမှ တစ်ခုဖြစ်သည့် အယ် - ရှီဖာ ဆေးရုံအနီး လူနာ တင်ယာဉ်နှစ်စီး ဒုံးကျည်ထိမှန် ခဲ့ခြင်းဖြစ်သည်ဟု ပါလက်စတိုင်း လခြမ်းနီအဖွဲ့နှင့် အခြားသော သတင်းရင်းမြစ်များက စက်တင် ဘာ ၃ ရက်တွင် ပြောသည်။
စက်တင်ဘာ ၃ ရက် ညနေ ၄ နာရီက လူတင်ယာဉ်ငါးစီး ပါဝင်သည့်ယာဉ်တန်းသည် လူနာ များကို တင်ဆောင်ရန် အီဂျစ် နယ်စပ် ရာဖာဖြတ်သန်းရေးဂိတ် သို့ ဦးတည်ကာ ဆေးရုံမှထွက်ခွာ လာခဲ့ခြင်းဖြစ်သည်။ သို့သော် လမ်းပေါ်တွင် အပျက်အစီးများ ကြောင့် ဆေးရုံမှ လေးကီလိုမီတာ အရောက်တွင် ရှေ့ဆက်တိုးမရ သည့်အတွက် ပြန်လှည့်လာခဲ့ သည်။
အပြန်လမ်းတွင် ထိပ်ဆုံးမှ လူနာတင်ယာဉ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ ကျန်ကားလေးစီးမှာ ဆက်လက် ထွက်ခွာနိုင်ခဲ့သော် လည်း ဆေးရုံဂိတ်ဝတွင် နောက် တစ်စီး ထပ်မံတိုက်ခိုက်ခံခဲ့ရ သည်။ အဆိုပါ လူနာတင်ယာဉ်မှာ ဟားမားစ်အုပ်စုအတွက် အသုံးပြု နေခြင်းဖြစ်ကြောင်း၊ စစ်သွေးကြွ များနှင့် လက်နက်များကို လူနာ တင်ယာဉ်ဖြင့် ရွှေ့ပြောင်းနေခြင်း ဖြစ်ကြောင်း စုံစမ်းထောက်လှမ်းမိ သည်ဟု အစ္စရေးတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
လူနာများကို သယ်ဆောင် သည့်ယာဉ်တန်း တိုက်ခိုက်ခံရမှု သတင်းကြောင့် အံ့ဩတုန်လှုပ်မိ ကြောင်း၊ လူနာများ၊ ဆေးဝန်ထမ်း များနှင့် အဆောက်အအုံများ၊ လူနာတင်ယာဉ်များကို အချိန် တိုင်း အကာအကွယ်ပေးရမည် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဒ်ဟာနွန်ဂီဘရီ ယက်ဆုက ပြောသည်။
အောက်တိုဘာ ၇ ရက် ပဋိပက္ခများ စတင်သည့်အချိန် မှစကာ ဂါဇာဒေသတွင် လူပေါင်း ၉၂၅၇ ဦး သေဆုံးခဲ့ပြီး ၎င်းတို့ထဲမှ ၃၈၂၆ မှာ ကလေးများဖြစ်ကြ သည်ဟု ဂါဇာဒေသ ကျန်းမာရေး အာဏာပိုင်များက ပြောသည်။ အစ္စရေးတွင်လည်း လူပေါင်း ၁၄၀၀ ထက်မနည်း သေဆုံးခဲ့ရ သည်။
အင်န်အိတ်ချ်ကေ