ဂါဇာတောင်ပိုင်းနှင့် အလယ်ပိုင်းတို့၌ အစ္စရေးတို့က လေကြောင်းနှင့် ကုန်းကြောင်းတို့မှ စစ်ဆင်ရေးများ အရှိန်မြှင့်

 

ဂါဇာ      ဒီဇင်ဘာ     ၂၉


ဂါဇာတောင်ပိုင်းနှင့်    အလယ်ပိုင်းတို့၌    အစ္စရေး တပ်ဖွဲ့ဝင်များက လေကြောင်းနှင့်ကုန်းကြောင်းတို့မှ     စစ်ဆင်ရေးအရှိန်များ   မြှင့်တင်လျက်ရှိပြီး  လူပေါင်းများစွာ သေဆုံးခဲ့ရသည်ဟု သိရသည်။ 


ဂါဇာတောင်ပိုင်းရာဖာမြို့ရှိ ဒေသခံများ နေထိုင် ရာ  နေရာတွင်   အစ္စရေးတပ်ဖွဲ့၏   လေကြောင်း တိုက်ခိုက်မှုကြောင့် ဒီဇင်ဘာ ၂၈ ရက်က လူ ၂၀  ထက်မနည်း သေဆုံးခဲ့ရသည်။ ရာဖာသည်  ယခုအခါ ရွှေ့ပြောင်းနေထိုင်သူများနှင့်  လူဦးရေအဆမတန် သိပ်သည်းများပြားလျက်ရှိသည်။    နှစ်ဖက်စလုံးမှ ပါဝင်သည့်  အဆင့်သုံးဆင့်ရှိသည့်   အပစ်အခတ် ရပ်စဲရေး အစီအစဉ်ကို အီဂျစ်အစိုးရက ဒီဇင်ဘာ ၂၈ ရက်က ကြေညာခဲ့သည်။  သို့သော်လည်း မည်သည့် ဘက်ကမျှ ပြန်လည်တုံ့ပြန်ခဲ့ခြင်းမရှိချေ။   အဆိုပါ အစီအစဉ်၏    ရည်ရွယ်ချက်မှာ    ဂါဇာဒေသတွင်   အစ္စရေးတို့၏စစ်ဆင်ရေးကို   ရပ်နားရန်နှင့်   ဒေသ တွင်း တည်ငြိမ်ရေးနှင့်ငြိမ်းချမ်းရေးကို  အကောင် အထည်ဖော်ရန်ပင်ဖြစ်သည်။ 


အဆိုပါအဆိုပြုချက်နှင့်ပတ်သက်၍    အီဂျစ် အစိုးရက   အသေးစိတ်ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိချေ။ သို့သော်လည်း အရှေ့အလယ်ပိုင်းရှိ မီဒီယာ များ၏  ဖော်ပြချက်အရ အီဂျစ်တို့အဆိုပြုထားသည့် အစီအစဉ်တွင် ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲပြီး အစ္စရေးဘက်မှ သတ်မှတ်ထားသည့် ပါလက်စတိုင်း အကျဉ်းသားများကို ပြန်လွှတ်ပေးရန်နှင့် ဟားမားစ် တို့ဘက်ကလည်း ၎င်းတို့ဖမ်းဆီးထားသည့်  ဓားစာခံ များထဲမှ  ကလေးများနှင့် အမျိုးသမီးများကို  ပြန် လွှတ်ပေးရန် ပါဝင်သည်ဟု သိရသည်။ 


အင်န်အိတ်ချ်ကေ