
ဂါဇာ ဇန်နဝါရီ ၂၇
ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်းယူနစ်မြို့ရှိ နက်ဆာဆေးရုံ တွင် ဇန်နဝါရီ ၂၇ ရက်က လျှပ်စစ် မီး ပြတ်တောက်သွားခဲ့သည်ဟု ပါလက်စတိုင်းသတင်း အေဂျင်စီ (WAFA) တွင် ဖော်ပြထားသည်။
လူမှုကွန်ရက် မီဒီယာတွင် ပျံ့နှံ့လာသည့်ပုံများအရ ဆေးရုံ ပတ်ဝန်းကျင်မှာ မှောင်အတိ ဖုံးလွှမ်းနေသည်ကို တွေ့မြင်ရ သည်။ အစ္စရေးတပ်ဖွဲ့သည် ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့ထားခြင်း များနှင့် တိုက်ခိုက်မှုများ ပြုလုပ် ခဲ့ပြီး ဆေးရုံကို လည်ပတ်နိုင်စွမ်း မရှိအောင် ပြုလုပ်ခဲ့သည်။ ထို့ပြင် လူနာတင်ယာဉ်များ လည်ပတ်မှု ကိုလည်း ဟန့်တားခဲ့ကြောင်း ဂါဇာအခြေစိုက်ကျန်းမာရေးဌာနကပြောသည်။
ဇန်နဝါရီ ၂၆ ရက်က ခန်းယူ နစ်မြို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ပြီး ၂၈ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ပါလက်စတိုင်း ရုပ်သံတွင် ဖော်ပြထားသည်။ ဂါဇာ အလယ်ပိုင်းရှိ နေအိမ်တစ်လုံးတွင် လည်း ဇန်နဝါရီ ၂၆ ရက် ညနေပိုင်း က အစ္စရေးတပ်ဖွဲ့၏ တိုက်ခိုက်မှု ကြောင့် ပျက်စီးခဲ့ရပြီး ခြောက်ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။
ခန်းယူနစ်မြို့တွင် မကြာသေး မီ ရက်ပိုင်းအတွင်းက အစ္စရေး တပ်ဖွဲ့၏ အပြင်းအထန်တိုက်ခိုက် မှုများနှင့် ကြုံတွေ့နေရပြီး ပြီးခဲ့ သည့်နှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့သည့် အစ္စရေး - ဟား မားစ် ပဋိပက္ခနောက်ပိုင်း အပြင်း ထန်ဆုံးဖြစ်ခဲ့သည်။
ဆင်ဟွာ