
ဒိုဟာ ဇန်နဝါရီ ၁၇
ဂါဇာဒေသမှ အရပ်သားများ အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပစ္စည်းများ နှင့် ဆေးပစ္စည်းများကို ကာတာ နိုင်ငံက ဇန်နဝါရီ ၁၇ ရက်တွင် ပေးပို့ခဲ့သည်။ အဆိုပါ ဆေးနှင့် ထောက်ပံ့ရေးပစ္စည်းများကို အီဂျစ် နိုင်ငံမှတစ်ဆင့် ဂါဇာကမ်းမြောင် ဒေသသို့ပေးပို့သွားမည်ဟု ကာတာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။
အီဂျစ်နိုင်ငံ အယ်-အာရှစ် မြို့သို့ အကူအညီများရောက်ရှိ မည်ဟု ကာတာသတင်း အေဂျင်စီ တွင်ဖော်ပြထားသည်။ ကာတာ နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့၏ ပူးတွဲ ကြားဝင် ဆောင်ရွက်ပေးမှုဖြင့် ဂါဇာကမ်းမြောင်ဒေသရှိ ထိခိုက် ခံစားနေရသူ အရပ်သားများနှင့် အစ္စရေးတို့ ဖမ်းဆီးထားသူများ အတွက် ဆေးဝါးနှင့် အခြားသော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ် မည်ဖြစ်သည်။
ဒေသတွင်းနှင့် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုနှင့်အတူ ဂါဇာပဋိပက္ခ အဆုံးသတ်နိုင်ရေး နှင့် ဆေးဝါးအပါအဝင်လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့နိုင်ရေး ကာတာနိုင်ငံက ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ မဂျက်အယ်-အန်စရီ က ပြောသည်။
ဆင်ဟွာ