ဂါဇာ ဖေဖော်ဝါရီ ၃
ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတို့၏ တိုက်ခိုက်မှု ကြောင့် ပါလက်စတိုင်းနိုင်ငံသားသေဆုံးသူ စုစုပေါင်း ၂၇၂၃၈ ဦးအထိ  တိုးလာကြောင်း ဟားမားစ်ကျန်းမာ ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြား သည်။  
 
အစ္စရေး-ဟားမားစ်ပဋိပက္ခစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှ စကာ ပါလက် စတိုင်း  စုစုပေါင်း ၆၆၄၅၂ ဦး  ဒဏ်ရာရရှိကြောင်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အရှာရက် အယ်-ကွီဒါက ထုတ်ပြန်ချက်တွင် ပြောကြားသည်။ ထို့ပြင် လွန်ခဲ့သည့်   ၂၄   နာရီအတွင်း   အစ္စရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၀၇ ဦး သေဆုံး ပြီး ၁၆၅ ဦး  ဒဏ်ရာရရှိကြောင်း   အယ်-ကွီဒါက ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၃ ရက်အစောပိုင်းတွင် ဒီရာ အယ်-ဘာလာ့နှင့် ရာဖာမြို့တို့ကို အစ္စရေးက လေကြောင်း တိုက်ခိုက်မှုများ၊   အမြောက်များဖြင့်   ဗုံးကြဲမှုများ ကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများ အပါ အဝင် ပါလက်စတိုင်း ၂၄ ဦးထက်မနည်း  သေဆုံး ကြောင်း တရားဝင်ပါလက်စတိုင်းသတင်းအေဂျင်စီ ဒဗလျူအေအက်ဖ်အေက ဖော်ပြထားသည်။
ဆင်ဟွာ
 
      


