ဂါဇာ မတ် ၁
အစ္စရေးတပ်ဖွဲ့သည် ကြာသပတေးနေ့တွင် ထောက်ပံ့ ကူညီမှုများအတွက် စောင့်ဆိုင်းနေသော အရပ်သား ၁၀၀ ကျော်ကို သတ်ဖြတ်လိုက်ကြောင်း ဂါဇာ ကျန်းမာရေးအာဏာပိုင်များက ပြောသည်။
ထို့ကြောင့် အောက်တိုဘာလနောက်ပိုင်း အစ္စရေး ၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူ အရေအတွက်မှာ ၃၀၀၀၀ ကျော်လွန်လာပြီဖြစ် ကြောင်း သိရသည်။ ကုလသမဂ္ဂတာဝန်ရှိသူများက ဂါဇာကမ်းမြောင်ဒေသမှ အသက်များကို ကြောက် မက်ဖွယ်ရာအရှိန်ဖြင့် နုတ်ယူခံနေရကြောင်း ပြော သည်။ ဒေသဆိုင်ရာတာဝန်ရှိသူက အစ္စရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် လူပေါင်း ၁၁၂ ဦး သေဆုံးပြီး အခြား ၇၆၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြောသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး ဟားမားစ် ခေါင်းဆောင်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟု ပြောကြားလိုက်သည်။ အစ္စရေးအစိုးရ ပြောရေးဆိုခွင့် ရှိသူ အဗီဟိုက်မန်းက ယခုကဲ့သို့ ဖြစ်ပျက်ခဲ့ခြင်းသည် ဝမ်းနည်းဖွယ်ရာကောင်းကြောင်း ပြောကြားခဲ့သော် လည်း ထရပ်ကားမောင်းနှင်သူများတွင် တာဝန်ရှိ ကြောင်း ပြောသည်။
အင်န်အိတ်ချ်ကေ