ဝါရှင်တန် မတ် ၂
အစ္စရေးနှင့်ဟားမားစ်တို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသော်လည်း အမေရိကန်သည် ဂါဇာ ကမ်းမြောင်သို့ ဝေဟင်မှတစ်ဆင့် ထောက်ပံ့ရေးပစ္စည်းများကို ပစ်ချပေးရန် စီစဉ်နေကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ပြန်ကြေညာလိုက်သည်။
သမ္မတ ဘိုင်ဒင်သည် သောကြာနေ့က အိမ်ဖြူတော်၌ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီနှင့် ပြုလုပ်သော ဆွေးနွေးပွဲအဖွင့်တွင် ထိုကဲ့သို့ မှတ်ချက်ပြု ပြောကြားလိုက်ခြင်း ဖြစ်သည်။ ကြောက်မက်ဖွယ် ကောင်းသော စစ်ပွဲအတွင်း ပိတ်မိနေသော အပြစ်မဲ့ပြည်သူ များသည် အလွန်စိုးရိမ်ထိတ်လန့် ကြောက်ရွံ့နေကြကြောင်း၊ ၎င်းတို့ ၏ မိသားစုများကို ကျွေးမွေးနိုင် ခြင်း မရှိတော့ကြောင်း၊ ဂါဇာ ကမ်းမြောင်သို့ ထောက်ပံ့ကူညီမှု များမှာလည်း လုံလောက်မှု မရှိတော့ကြောင်း ဘိုင်ဒင်က ဂါဇာကမ်းမြောင်နှင့် ပတ်သက်ပြီး ထိုကဲ့သို့ ပြောကြားခဲ့သည်။
ထောက်ပံ့ကူညီရေး ထရပ် ကားများမှာ တောင်ပိုင်းရှိ စစ်ဆေးရေးဂိတ် နှစ်ခုမှသာလျှင် ဂါဇာသို့ ဝင်ရောက်ရသော ကြောင့် အထူးသဖြင့် ဒေသ မြောက်ပိုင်းတွင် ထောက်ပံ့ ရေးပြတ်တောက်မှုနှင့် ဆိုးဆိုး ရွားရွား ကြုံတွေ့နေရကြောင်း သိရသည်။ အမေရိကန်သည် လာမည့်ရက်များအတွင်း နောက် ထပ် အစားအစာနှင့် ထောက်ပံ့ ရေးပစ္စည်းများကို ဝေဟင်မှ ချပေးသွားမည် ဖြစ်ကြောင်း ဘိုင်ဒင်က ကြေညာခဲ့သည်။
ထို့အပြင် အမေရိကန်သည် လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာ အကူအညီ အမြောက် အမြားကို ထောက်ပံ့ပေးနိုင်ရန် ရေလမ်းကြောင်းမှတစ်ဆင့် ဖြစ်နိုင် ခြေ အပါအဝင်ဂါဇာ ကမ်းမြောင် သို့အခြားသော လမ်းကြောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ရှာဖွေသွား မည်ဖြစ်ကြောင်း ၎င်းက ဆက် ပြောသည်။ အင်န်အိတ်ချ်ကေ