ဂါဇာကမ်းမြောင်ဒေသ၌တိုက်ခိုက်မှုများကို နေ့စဉ် လေးနာရီကြာ ခေတ္တရပ်ထားရန် အစ္စရေးသဘောတူညီ

 

ဂျေရုဆလင်  နိုဝင်ဘာ   ၁၀


ဂါဇာကမ်းမြောင်    ဒေသတွင် တိုက်ပွဲများ     ခေတ္တရပ်ရန် အစ္စရေး    မဟာမိတ်များအား အမေရိကန်တာဝန်ရှိသူများက    အကြိမ်ကြိမ်ဖိအားပေးမှုကြောင့် နိုဝင်ဘာ ၉ ရက်တွင် အောင်မြင် မှုအချို့ရခဲ့ပြီး   အစ္စရေးဘက်မှ ဟားမားစ်စစ်သွေးကြွများအပေါ်    နေ့စဉ်လေးနာရီကြာ    စစ်ဆင် ရေးများ ရပ်တန့်ပေးရန် သဘောတူညီလိုက်ပြီဖြစ်သည်။


အစ္စရေး    တာဝန်ရှိသူများ အနေဖြင့် အပစ်ရပ်မှု မစတင်မီ သုံးနာရီ    ကြိုတင်ကြေညာမည် ဖြစ်ပြီး   အဆိုပါ    အပစ်အခတ် ရပ်စဲမှုများသည် အရပ်သားများ တိမ်းရှောင်ထွက်ခွာနိုင်စေရန်နှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ       ပေးအပ်ရာ တွင် လွယ်ကူချောမွေ့စေမည်ဖြစ် ကြောင်း    အမျိုးသားလုံခြုံရေး ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီယာဘိုင်က    ပြောကြား သည်။


ယခုသီတင်းပတ် အစောပိုင်း က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် သမ္မတဂျိုးဘိုင် ဒင်တို့ကြား ဆွေးနွေးမှုများအပြီး တွင် အဆိုပါ ခေတ္တအပစ်ရပ်စဲရေး အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။


ဟားမားစ်တို့    ဖမ်းဆီးထား သည့်  ဓားစာခံ    ၂၀၀     ကျော်ကို လွှတ်ပေးခြင်းမရှိဘဲ  လုံးဝအပစ် ရပ်စဲရေးကို     လုပ်ဆောင်မည်မဟုတ်ကြောင်း    ဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားထားသည်။            
 

အင်န်အိတ်ချ်ကေ