
ဂါဇာ ဒီဇင်ဘာ ၃၀
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပြတ်လပ်မှု၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစား ရသည့် ဂါဇာကမ်းမြောင်၌ ကူးစက်ရောဂါပျံ့နှံ့မှုပြင်းထန်လာနိုင်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုရေးရာညှိနှိုင်းရေးရုံး(အိုစီအိတ်ချ်အေ)မှ ဒီဇင်ဘာ ၃၀ ရက်က သတိပေးချက် ထုတ်ပြန် လိုက်သည်။
အထူးသဖြင့် မကြာသေးမီက ဂါဇာတောင်ပိုင်း တစ်ခွင် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှုများနှင့် မိသားစုအချို့ အကြိမ်ပေါင်းများစွာ ရွှေ့ပြောင်းရန် လိုအပ်ခြင်းကြောင့် ဂါဇာတွင် ရောဂါပျံ့နှံ့မှုပြင်းထန် လာကြောင်း အိုစီအိတ်ချ်အေ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဤအခြေအနေသည် ပါလက် စတိုင်း ကျန်းမာရေးစနစ်အပေါ် ဖိအားများ တိုးလာ စေပြီး ဆေးရုံအများစုသည် ချွတ်ခြုံကျနေသည့် အချိန်၌ပင် လူပေါင်းများစွာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ရုန်းကန်နေရဆဲဖြစ်သည်။
ဂါဇာရှိ လူပေါင်း ၁၈၀၀၀၀ နီးပါးသည် အသက် ရှူလမ်းကြောင်း ပိုးဝင်ခြင်းရောဂါများ၊ လူပေါင်း ၁၃၆၄၀၀ မှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှု ရှိပြီး ၎င်းတို့ထဲမှ ထက်ဝက်သည် အသက်ငါးနှစ် အောက် ကလေးငယ်များကြားတွင် ဖြစ်ပွားနေ သည်ဟု အစီရင်ခံတင်ပြထားကြောင်း ၎င်းက ဆိုသည်။
တစ်ချိန်တည်းတွင် ဝဲရောဂါဖြစ်ပွားနေသူ ပေါင်း ၅၅၄၀၀၊ ရေကျောက်ဖြစ်ပွားနေသူ ၅၃၃၀၊ အရေပြားရောဂါခံစားနေရသူ ၄၂၇၀၀ နှင့် ၁၂၆ ဦး မှာ ဦးနှောက်အမြှေးရောင်ရောဂါ ခံစားနေရသည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေ ၁ ဒသမ ၉ သန်း သို့မဟုတ် ခန့်မှန်းခြေအားဖြင့် လူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် ပြည်တွင်းရွှေ့ပြောင်းနေထိုင် သူများ ဖြစ်လာကြကြောင်း ကြေညာချက်တွင် ထောက်ပြထားသည်။
ဆင်ဟွာ