ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲမှု နောက်တစ်ကြိမ်ပြုလုပ်ရန် အမေရိကန် နည်းလမ်းများဆက်လက်ရှာဖွေ

 

ဝါရှင်တန်   ဒီဇင်ဘာ   ၂၁


အမေရိကန်သည် ဂါဇာဒေသတွင်  အပစ်အခတ် ရပ်စဲမှု  နောက်တစ်ကြိမ်ပြုလုပ်ရန်နှင့်   ဓားစာခံများ ပြန်လွှတ်ပေးရေးအတွက် နေ့စဉ်နှင့်အမျှ ကြိုးပမ်း လျက်ရှိသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောသည်။ 


နောက်တစ်ကြိမ်     အပစ်အခတ်ရပ်စဲရန်နှင့် ဓားစာခံများ ပြန်လွှတ်ပေးရေးတို့အတွက် အစ္စရေး ကကြိုဆိုမည်မှာ သေချာကြောင်း ၎င်းကဆက်ပြော သည်။ သို့သော်လည်း ဟားမားစ်များဘက်မှ သဘော တူရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။ 


ဟားမားစ်တို့သည် ပထမအကြိမ် အပစ်အခတ် ရပ်စဲပြီး   ဓားစာခံများလွှတ်ပေးစဉ်က    ၎င်းတို့၏ ကတိကဝတ်များအတိုင်း  လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ  ယခုတစ်ကြိမ်တွင်လည်း    အပစ်အခတ်ရပ်စဲရေး အတွက် ကြိုးပမ်းမှုကို ဆန္ဒရှိမရှိ မေးခွန်းထုတ်ရမည် ဟု ၎င်းက ဆက်ပြောသည်။ 


ဂါဇာဒေသတွင် အစ္စရေးတို့၏ စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍လည်း ဟားမားစ်ခေါင်းဆောင် ပိုင်းနှင့် အရေးကြီးသည့်အရာများကို အဓိကပစ်မှတ် ထား၍  စစ်ဆင်ရေးများပြုလုပ်ရန်  အမေရိကန်က မျှော်လင့်ထားကြောင်း၊  ယင်းကဲ့သို့  ဖြစ်လာပါက  အရပ်သားများ   ထိခိုက်နာကျင်မှု   သိသိသာသာ လျော့ကျသွားမည်ဟု     ယူဆကြောင်း     ၎င်းက ဆက်ပြောသည်။ 

အင်န်အိတ်ချ်ကေ