
ဘာလင် မတ် ၁၄
ယခုသီတင်းပတ် အကုန်ပိုင်းမှ စတင်ကာ ဂါဇာဒေသအတွက် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီများ လေကြောင်းမှတစ်ဆင့် ချထား ပေးရန်အစီအစဉ်တွင် ဂျာမနီ တပ်ဖွဲ့လည်း ပါဝင်သွားမည်ဟု ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ်တိုရီးယက်စ်က မတ် ၁၃ ရက်တွင် ပြောသည်။
ဂျော်ဒန်နိုင်ငံ၏ အစပြုမှု ဖြင့် အဆိုပါ အစီအစဉ်တွင် ဂါဇာဒေသမှ ပြည်သူများ အတွက် ထောက်ပံ့ရေးပစ္စည်း များကို လေကြောင်းမှတစ်ဆင့် ချထားပေးသွားမည် ဖြစ် သည်။
အမေရိကန်ပြည်ထောင်စု နှင့် ပြင်သစ်နိုင်ငံတို့သည်လည်း ကူညီထောက်ပံ့ရေးပစ္စည်းများ လေကြောင်းမှ ချထားပေးမည့် အစီအစဉ်တွင် ပါဝင်ခဲ့ကြသည်။
ဂျာမနီ၏ စီ - ၁၃၀ ဂျေ သယ်ယူပို့ဆောင်ရေး လေယာဉ် နှစ်စင်းသည် ပြင်သစ်နိုင်ငံ၌ ရပ်နားနေသည်။ အဆိုပါ လေယာဉ်တစ်စင်းစီသည် ကုန် ပစ္စည်း ၁၈ တန်ကို သယ်ယူ ပို့ဆောင်ပေးနိုင်သည်။
ဂါဇာဒေသရှိ ပြည်သူများမှာ ဆာလောင်မှု၊ ရောဂါထူပြောမှု နှင့် သေဆုံးခြင်းတို့ကို ရင်ဆိုင် နေရကြောင်း ကုလသမဂ္ဂလူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးမှ အကြီးအကဲ ဖြစ်သူ မာတင်ဂရစ်ဖစ်က လွန်ခဲ့ သည့်လအတွင်းက သတိပေးခဲ့ သည်။ ဂါဇာကမ်းမြောင်ဒေသ တွင် လူပေါင်း ၂ ဒသမ ၂ သန်း ဝန်းကျင်နေထိုင်ကြသည်။
ဆင်ဟွာ