ဂါဇာဒေသ၌ ပါလက်စတိုင်းသေဆုံးသူဦးရေမှာ ၂၀၉၁၅ ဦးအထိရှိလာ

 

ဂါဇာ  ဒီဇင်ဘာ   ၂၇


အစ္စရေးနှင့်ဟားမားစ်တို့   ပဋိပက္ခ စတင်သည့် အောက်တိုဘာ ၇ရက် မှစကာ ဂါဇာဒေသ၌ ပါလက်စတိုင်း    သေဆုံးသူဦးရေမှာ  ၂၀၉၁၅    ဦး အထိ ရှိလာပြီး ဒဏ်ရာရရှိသူဦးရေ မှာ  ၅၄၉၁၈  ဦး  ရှိသည်ဟု  ဂါဇာ အခြေစိုက် ကျန်းမာရေးဝန်ကြီး ဌာနက ဒီဇင်ဘာ  ၂၆  ရက်တွင်  ပြောသည်။ 


ဒီဇင်ဘာ ၂၅ ရက်က ပါလက် စတိုင်း ၂၄၁  ဦးသေဆုံးခဲ့ပြီး ၃၈၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကျန်းမာ ရေးဝန်ကြီးဌာန  ပြောရေးဆိုခွင့် ရှိသူ အက်ရှရက်ဖ်အယ် ကီဒရာ ကပြောသည်။ 


ဂါဇာဒေသရှိ   ဆေးရုံများနှင့် ကျန်းမာရေး      ဝန်ထမ်းများကို အကာအကွယ်ပေးကြရန် အပြည် ပြည်ဆိုင်ရာ   အဖွဲ့အစည်းများကို ၎င်းက တောင်းဆိုခဲ့သည်။ အလား တူ ဖျားနာနေသူများ၊ ဒဏ်ရာရရှိ သူများနှင့်  ရွှေ့ပြောင်းနေထိုင်ကြ သူများကို ကာကွယ်ပေးရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။ 


အစ္စရေးတို့၏   တိုက်ခိုက်မှု ကြောင့်   အင်တာနက်နှင့်    ဖုန်း ဝန်ဆောင်မှုအပါအဝင် လျှပ်စစ် မီးများလည်း ပြတ်တောက်သွား ကြောင်း   ဂါဇာဒေသရှိ   အဓိက ဆက်သွယ်ရေး  ဝန်ဆောင်မှုပေး သည့် Paltel  က လူမှုကွန်ရက် မီဒီယာမှတစ်ဆင့်       ကြေညာ ခဲ့သည်။                          

ဆင်ဟွာ