ဂါဇာဒေသ၌ ချက်ချင်းအပစ်ရပ်စဲရန် အီဂျစ်သမ္မတနှင့် ဂျော်ဒန်ဘုရင်တို့တောင်းဆို

 

ဂါဇာ   ဒီဇင်ဘာ   ၂၈ 


အီဂျစ်သမ္မတ အဗ္ဗဒဲလ် ဖာတာအယ် စီစီသည် ကိုင်ရိုမြို့သို့ အလည်အပတ်ရောက်ရှိလျက်ရှိသော ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ ၂ နှင့် ဂါဇာပဋိပက္ခ အရေးဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုအတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များသည် စစ်ကြောင့်ပျက်စီးနေသော ဂါဇာကမ်းမြောင်ဒေသ၌ ချက်ချင်း အပစ်ရပ်စဲရေးအတွက် တောင်းဆိုခဲ့ကြသည်။  


ဆွေးနွေးပွဲအတွင်း အနောက် ဖက်ကမ်း၌        ချက်ချင်းအပစ် ရပ်စဲရန်အတွက်      နိုင်ငံတကာ အသိုင်းအဝိုင်းက    အပူတပြင်း လုပ်ဆောင်ရန်     လိုအပ်ကြောင်း  နှစ်နိုင်ငံ     ခေါင်းဆောင်များက  သဘောတူခဲ့ကြသည်။ ထို့အတူ အကူအညီ အထောက်အပံ့ပစ္စည်း များ  နှောင့်နှေးမှုမရှိဘဲ လွယ်ကူ ချောမွေ့စွာ ပိုမိုဝင်ရောက်နိုင်ရန် လည်း     ခေါင်းဆောင်များက သဘောတူခဲ့ကြသည်။    ပါလက် စတိုင်းအရေးကိစ္စကို     အလေး မထားဖျက်သိမ်းမည့် မည်သည့် ကြိုးစားမှုမျိုးမဆို    လုံးဝလက်ခံ သွားမည်မဟုတ်ဘဲ   ပယ်ချသွား မည်ဖြစ်ကြောင်း၊ ထို့အတူ ပါလက် စတိုင်းများကို       ၎င်းတို့မြေမှ ပြောင်းရွှေ့သွားစေခြင်း သို့မဟုတ်  ပြည်တွင်း    ရွှေ့ပြောင်းအခြေချ ခြင်းများကို       ဖြစ်ပေါ်စေမည့် မည်သည့် ဖိအားပေးလုပ်ဆောင်ခြင်းမျိုးကိုမဆို လုံးဝလက်ခံသွား မည်မဟုတ်ကြောင်း     နှစ်နိုင်ငံ ခေါင်းဆောင်များက   အတည်ပြု ခဲ့ကြသည်။  


ဒေသတွင်း   ငြိမ်းချမ်းရေးကို  မငြိမ်မသက်     ဖြစ်စေနိုင်သည့် ပဋိပက္ခကို       ပိုမိုဆိုးရွားစေမည့် စွန့်စား       လုပ်ဆောင်မှုများကို ဆန့်ကျင်သွားမည်     ဖြစ်ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက သတိ ပေးထားသည်။   အောက်တိုဘာ ၇ ရက်မှစကာ ဂါဇာကမ်းမြောင် ဒေသတွင် အစ္စရေးတို့တိုက်ခိုက်မှု ကြောင့်    အနည်းဆုံး     ပါလက် စတိုင်း    ၂၁၁၁၀    သေဆုံးခဲ့ပြီး ၅၅၀၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။  


ဟားမားစ်တို့၏   တိုက်ခိုက်မှု ကြောင့်  အစ္စရေး  ၁၂၀၀  ကျော် သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဓားစာခံ  အဖြစ်    ဖမ်းဆီးခြင်းခံခဲ့ရသည်။ အီဂျစ်နှင့် ဂျော်ဒန်တို့သည် ဂါဇာ ကမ်းမြောင်ဒေသသို့ နယ်စပ်ဖြတ် သန်းရေး       ဂိတ်များမှတစ်ဆင့် လူသားချင်း  စာနာထောက်ထား မှုဆိုင်ရာ  အကူအညီများ  ပေးပို့ ခဲ့သည်။ 


ဆင်ဟွာ