ဂါဇာဒေသအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများခွင့်ပြုပေးရမည်ဟု ကုလအကြီးအကဲပြော

 

ဂါဇာ    အောက်တိုဘာ   ၁၂


ဂါဇာဒေသတွင်   လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများအတွက်   ခွင့်ပြုပေးရမည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တို နီယိုဂူတာရက်စ် ကပြောသည်။


ဂါဇာကမ်းမြောင်ဒေသကို      လက်နက်လူသူ အင်အားဖြင့် ပိတ်ဆို့ထားရန်  အစ္စရေးခေါင်းဆောင် များက အမိန့်ပေးထားသည်။  ပါလက်စတိုင်း ဒုက္ခ သည်    ၂၂၀၀၀၀ ခန့်မှာ   ယခုအခါ   ကုလသမဂ္ဂ ကယ်ဆယ်ရေးအေဂျင်စီပိုင် ခိုလှုံရာနေရာ ၉၂ ခုတွင်  ခိုလှုံနေရသည်ဟု ဂူတာရက်စ်က သတင်းထောက် များကိုပြောသည်။ အရပ်သားများကိုအချိန်ပြည့် အကာအကွယ်ပေးနိုင်ရန်အတွက်     ကုလသမဂ္ဂ အဆောက်အအုံများ၊   ဆေးရုံများ၊    စာသင်ကျောင်း များ၊  ဆေးပေးခန်းများ ကိုပစ်မှတ်ထားခြင်း မပြုရ ဟု ၎င်းကဆက်ပြောသည်။ 


အသက်ရှင်    ရပ်တည်ရေးအတွက်   အဓိက ထောက်ပံ့ရေးပစ္စည်းများဖြစ်သည့်     လောင်စာ၊ အစားအသောက်နှင့်    ရေအပါအဝင်   အခြားသော ပစ္စည်းများကို   ဂါဇာသို့   တင်သွင်းခွင့်ပြုရမည်ဖြစ် ပြီး    လူသားချင်းစာနာထောက်ထားမှု   အကူအညီ အတွက်  ဝင်ရောက်ခွင့်ရရန်  လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။ ထိုစဉ်  အမေရိကန်ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင်ကလည်း   အမေရိကန် အနေဖြင့်        အစ္စရေးကိုစစ်ရေးအကူအညီများ ဆက်လက်ပေးပို့သွားမည်ဟု  အောက်တိုဘာ ၁၁ ရက်တွင် ဘယ်ဂျီယံ၌ ရောက်ရှိနေစဉ် သတင်းထောက်  များကို ပြောကြားခဲ့သည်။ 


ဟားမားစ်အုပ်စု၏      ဒုံးကျည်ဖြင့်     ပစ်ခတ် တိုက်ခိုက်ခြင်းမှ  အစ္စရေးပြည်သူများနှင့် မြို့များကို ကာကွယ်ပေးနိုင်ရန်     ဘက်စုံသုံးလေကြောင်း ကာကွယ်ရေးစနစ်များကို  ပိုမိုထောက်ပံ့ပေးသွား မည်ဟု အော်စတင်က ပြောသည်။ 


အင်န်အိတ်ချ်ကေ