
နေပြည်တော် ဩဂုတ် ၁၇
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များရရှိနိုင်ရန်အတွက် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ Friday Night Live Show တင်ဆက်မှုအဖြစ် ဂီတစာဆိုမောင်ကြေးမုံ အမှတ်တရ တေးဂီတဖျော်ဖြေပွဲ (ပွဲစဉ် - ၁)ကို ဩဂုတ် ၁၉ ရက်(သောကြာနေ့) ည ၈ နာရီ ပြည်တွင်း သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းအစီအစဉ်တွင် The Friends တေးဂီတအဖွဲ့ ၏ တီးခတ်မှုနှင့်အတူ နေအောင်၊ လွမ်းပို၊ လွှမ်းမိုး အောင်၊ ရွှေဖြူ၊ မြတ်နိုးစံ၊ မို့မို့ကျော်လွင်၊ ရတီ လင်းလက်၊ ရွှေပန်းချီနှင့် ယွန်းနဒီပိုင်တို့က သီဆို ဖျော်ဖြေကြမည်ဖြစ်သည်။
ထိုသို့တင်ဆက်မှုကို ဩဂုတ် ၂၁ ရက်၊ (တနင်္ဂနွေ နေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်